Part38(Unicode)

31.1K 3.3K 1.5K
                                    

ထွက်ခွာသွားပါသော လူငယ်လေး၏ ကျောပြင်ပျောက်ကွယ်သွားပါမှ သူလည်းအထဲသို့ ပြန်ဝင်ခဲ့လိုက်သည်။သူ့ကို မတွေ့လျှင်ဆိုင်းလော့ဒ် စိတ်ပူနေမှာစိုး၍ဖြစ်၏။ပွဲထဲသို့ပြန်ရောက်တော့ ဆိုင်းလော့ဒ်က စားပွဲနှင့်မလှမ်းမကမ်း၌ ‌အမျိုးသားလေးယောက်နှင့်အတူ စကားရပ်ပြောနေလေသည်။နံဘေးကပ်ရပ်၌ သံသာညိုသည်လည်း အတူရှိနေကာ ရယ်ပွဲဖွဲ့လို့နေသည်။အလုပ်သဘောအရ ဒီပွဲကိုတက်ရောက်လာရမှန်း သိပေမဲ့ သံသာညိုပါအတူပါမည်ဆိုတာကို သိလိုက်‌ရတော့ သူ့စိတ်ထဲ စနိုးစနောင့်ဖြစ်ခဲ့ရတာအမှန်။ထို့ကြောင့်ပဲ ဒီနေ့ညမှာ သူဒီနေရာအထိ လိုက်ပါဖြစ်ခဲ့တာဖြစ်သည်။ဆိုင်းလော့ဒ်ကို မယုံကြည်တာမျိူးတော့ မဟုတ်ပေ။သို့သော် ဟိုတစ်နေ့က ဒေါ်ဂျာနူးနှင့် စကားပြောပြီးကတည်းက သူ့စိတ်တွေမအေးချမ်းနိုင်ပဲ အနည်းငယ်စိုးထိတ်လှုပ်ခတ်နေမိတာအမှန်။

စားပွဲဝိုင်း၌ သူဝင်ထိုင်လိုက်သည့်အထိ ဆိုင်းလော့ဒ်တို့အုပ်စုက စကားကောင်းနေကြဆဲရှိသည်။‌သံသာညိုက အတော်လေးကို လှပသည့်အထဲပါပါသည်။ခေတ်မှီအောင်ပြင်ဆင်ခြယ်သတက်သူမို့ နဂိုအလှကပို၍ကြွရွနေသည်။ ယောက်ျားတွေအလယ်မှာ ကိုယ်လုံးအသားပေးထားသည့် ပြိုးပျက်လက်နေပါသော ဝတ်စုံဖြင့်သံသာညိုက ထီးထီးကြီးဖြစ်လို့နေသည်။ဆိုင်းလော့ဒ်က ကိုယ်ကိုခပ်စောင်းစောင်းရပ်နေတာဖြစ်၏။ဒါကိုပဲ သံသာညိုက ဆိုင်းလော့ဒ်ဖက်သို့ ပို၍တိုးကပ်ရပ်နေတာမို့ ရုတ်တရက်လှမ်းကြည့်ပါလျှင် ရင်ခွင်ထဲမှီနေသလိုလို။ဘယ်လိုဖြစ်ဖြစ် ကျန်သည့်လူလေးယောက်နှင့် နှစ်ယောက်ကသီခြားဖြစ်နေသည်။မသိတဲ့လူဆို ပါတနာလိုလို အတူပွဲတက်လာတဲ့စုံတွဲလိုလို။

မြင်ကွင်းကိုကြည့်နေရင်း သူစိတ်မသက်မသာဖြစ်လာရသည်။‌အရှေ့ရှိဖန်ခွက်ထဲမှ အရည်များအား ဆွဲယူမော့သောက်ရင်း မြင်ကွင်းအားမျက်နှာလွှဲမိ၏။သို့သော် ဆိုင်းလော့ဒ်၏လက်မောင်းအား ဆုပ်ကိုင်လိုက်ပါသော သံသာညို၏ဖြူသွယ်သော လက်များက သူ့အာရုံထဲသို့ ကပ်ငြိပါလာသည်။တကယ်ဆို သူ့ကိုဒီစားပွဲဝိုင်းမှာ ထားပစ်ခဲ့စရာဘာလို့လဲ။ဘယ်သူဘယ်ဝါရယ်ပါလို့ ခေါင်းစဥ်တပ်မိတ်ဆက်ပေးဖို့ ခက်ခဲနေလို့လား။တကယ်တမ်းစဥ်းစားကြည့်တော့လည်း သူ့ကိုသာသူ့အသိုင်းအဝိုင်းကနေ ခွဲထုတ်ချင်နေတာ။ဆိုင်းလော့ဒ်ကိုယ်တိုင်ကတော့ သူတို့၏ဆက်ဆံရေးကို ချပြဖို့တောင်အဆင်မပြေသေးပေ။straightစစ်စစ် တစ်ယောက်အတွက် ဒီကိစ္စကအများကြီး ရုန်းကန်ရဦးမယ်ဆိုတာကို သူသိပေမဲ့လည်း တစ်ခါတစ်လေတော့ သူနားလည်မပေးချင်တော့ပေ။

Wild  Rose(complete)Where stories live. Discover now