Unicode
အိမ်မက်ကမ္ဘာစီကပြန်လာပြီဖြစ်တဲ့ မြူဒေါင်းမှာ နိုးနိုးချင်းခေါင်းက အတော်လေးထိုးကိုက်နေတော့သည် ။ ထုံထှိုင်းပြီး မကြည်မလင်ဖြစ်နေတဲ့ အာရုံတွေက ပတ်ဝန်းကျင်ကို အားယူပြီးသေချာကြည့်ယူရသည် ။
"နိုးပြီလား....''
နံရံကို မှီပြီး လက်ပိုက်ကြည့်နေတဲ့ စိုင်းက မြူဒေါင်းအားမေးလိုက်သည် ။ ကောင်လေးက သူ့ကိုမြင်တော့ တစ်ခုခုကိုလန့်နေသလိုဘဲ ကြည့်လာပြန်သည် ။
"ညကမင်းမူးနေတာ ဘာတွေဖြစ်ခဲ့လဲ မှတ်မိလား''
ခေါင်းကို အသာခါပြနေတဲ့ ကောင်လေးက ညကသူ့ကိုပြန်စွာနေတဲ့ပုစံနဲ့တောင်လုံးဝမတူပါချေ ။ စိုင်းကမဲ့ပြုံးနဲ့ မျက်နှာက အနိုင်ကျင့်လိုစိတ်တွေ ရှိလာပြီး ။
"မင်းညက ငါ့ကိုဘာလိုတွေ ပြန်ပြောခဲ့လဲ မင်းသိလား''
"သား....သားမသိဘူး''
"အဟက်! ဒါဆို ငါကဘဲအစအဆုံးပြန်ပြောရမှာပေါ့''
တဖြည်းဖြည်း တိုးကပ်လာတဲ့ စိုင်းက အပေါ်အိင်္ကျီမဝတ်ထားတာကြောင့် မြူဒေါင်းကြောက်အားလန့်အားနဲ့ ကုတင်အရင်းကို ပြေးကပ်မိသည် ။ ညကသူလုပ်ခဲ့သမျှ ပြောခဲ့သမျှကို ပြန်မှတ်မိလာပြီး နားရွက်ထိပ်လေးများ ရဲတွတ်နေတော့၏ ။
"ကို ကိုကို ဘာ ဘာလုပ်မလို့လဲ ဟင်''
"ဘာလုပ်မယ်ထင်လဲ....''
"ဘာ ဘာမှမလုပ်တာပိုကောင်းပါတယ် ''
ပြုံးမိမလိုဖြစ်သွားတဲ့မျက်နှာကို စိုင်းသေချာပြန်ထိန်းလိုက်ရသည် ။ ဒီဟာလေးက စကားပြောရင် ဘာလို့ချဥ်စရာကောင်းနေရတာလည်းမသိပေ ။ မအူမလည်ရုပ်နဲ့ တွေ့ရာနဲ့ကောက်ပေါက်ပစ်ချင်စိတ်ကိုထိန်းယူရတာလည်း ခဏခဏပါလေ ။
စကားနားထောင်ချင်ပုံမရတဲ့ကိုကိုက သူ့အနားကိုတိုးကပ်လာနေတုန်းပေ ။ မျှော်လင့်သလိုများဖြစ်နေမလာလို့ မျက်စိစုံမှိတ်ပြီး ထိတွေ့မှုကိုစောင့်နေမိသည် ။ သို့သော် မြူဒေါင်းထင်သလို ကိုကိုကသူ့ကို နမ်းရှိုက်ခြင်းပြုမလာတာကြောင့် မျက်လုံးကိုမသိမသာပြန်ဖွင့်ကြည့်မိတော့ သူ့ကိုအဝတ်တစ်ခုပစ်ပေးလာ၏ ။
YOU ARE READING
𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }
Romanceစိုင်းတခေတ်မှိုင်း မြူဒေါင်းစိုင်းငယ် 26.8.2022 ဤစာပေသည်စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာ ဖြစ်ပါသည် ။ မည်သူ့ကိုမှ ထိခိုက်နစ်နာလိုစိတ်မရှိပါ။