14. World-1.13

737 74 0
                                    


Unicode

"ကျွန်တော်ကျောင်းမသွားဘူးလို့ပြောနေတယ်လေ!!"

ခေါင်းအုံးတစ်လုံးက တံခါးဆီကိုပျံလာတာကြောင့် နမ်ဂျွန်းက တံခါးကိုချကိချင်းပိတ်လိုက်၏... နမ်ဂျွန်းက ဘဏ္ဍာထိန်းတစ်ယောက်ဖြစ်သည်...

"ဒါပေမဲ့ သခင်လေးကျောင်းသွားရမယ်လေ" လူကြီးက တံခါးနောက်ကနေပြောလိုက်၏... 

ယန်မှာ သွားကိုကျိတ်လျက် လက်သီးကိုတင်းတင်းဆုပ်ကာ ပြော၏...  "လုံးဝမသွားဘူး!!  Professor ကိုပြောလိုက် ကျွန်တော်ဖျားနေတယ်လို့!" ယန်တစ်ယောက် အသားကုန် အော်ဟစ်ပြောနေလေ၏...

Author : ဟေး! မင်းစိတ်လျှော့အုံး... အရမ်းပုံကြီးချဲ့နေတယ်...

{ကျွန်တော်ကျောင်းမသွားဘူလို့ သူတို့ကိုပြောသားပဲ!! တော်တော်ဆရာလုပ်ချင်နေတဲ့လူတွေ }

Author : ငါမင်းအခြေအနေကိုနားလည်ပေမဲ့ မလုံလောက်သေးဘူးလား...

{ကျစ်!! ကိုယ့်ကိုယ်ကိုတောင် ဘာလို့ဒီလိုဖြစ်နေမှန်းမသိဘူး... ဆတ်ဆတ်ထိမခံနိုင်ဖြစ်နေတယ်}

Author : အဲ့ဒါ မင်းရဲ့Rutကြောင့် အဲ့ဒါကြောင့် အရမ်းဒေါသကြီးလွယ်နေတာ... ကဲ မင်းခံနိုင်ရည်ရှိဖို့လိုတယ်!

ယန်မှာ လုံးဝ မသက်မသာဖြစ်နေ၏... အရမ်းပူလောင်နေပြီး ပေါက်ကွဲချင်နေတယ်... Rutကာလအတွင်းမှာ ဒီလောက် ဒုက္ခရောက်မယ်မှန်း လုံးဝမထင်ထားဘူး...ဆေးသောက်ထားလည်း သူ့Pheromonesတွေက လျော့မသွားသေးဘူး.... မနက်စာစားဖို့တောင် အခန်းအပြင်မထွက်နိုင်ချေ... သူRutပြီးသွားတဲ့အထိ အခန်းထဲမှာပဲနေဖို့ စီစဉ်ထားသည်... ဘယ်သူ့ကိုမှ မနာကျင်စေချင်ဘူး... အဲ့ဒါကြောင့် ကိုယ့်ဘာသာပဲ သည်းခံနေဖို့ ဆုံးဖြတ်ထားလေသည်...

{သေစမ်း!! ဘာလို့ အဲ့လောက်နိုးကြွနေတာလဲ!}

Author : မင်း Jihoonအကြောင်းပဲ တစ်ချိန်လုံးတွေးနေတာကို...

{ကျွန်...ကျွန်တော် အဲ့ကိစ္စကိုပြောတာမဟုတ်ဘူးနော်}

Author : တော်စမ်း...မင်းအဲ့ဒါကိုပြောတာပါ မင်းအခု ဘာတွေးနေလဲဆိုတာ ငါတွေ့နေရတယ်...

{အဲ့ဒါမတော်တဆလို့ပြောနေတယ်လေ! သူ့မျက်နှာ ကျွန်တော့်စိတ်ထဲမှာပေါ်လာတိုင်း ပူလာသလို ခံစားနေရတယ်}

စာအုပ်ထဲသို့ကူးပြောင်းသွားခြင်း (Omegaverse)Where stories live. Discover now