{38}

5.8K 939 77
                                    

Unicode

ချူချန်တစ်ယောက် ရှောင်ချန်ထွက်သွားမှ ကျိချင်းကျိုးကို အနမ်းခြွေလာ၏။ချူချန် သူ့ဘေးနားဝင်ထိုင်လိုက်သည်နှင့် စာပွဲပေါ်ကစာအုပ်လေးအားတစ်ဖက်တွန်းပို့လိုက်သည်ကိုတွေ့လိုက်ရသည်။

"ဘာတွေပါလို့ ကိုယ့်ကိုကြည့်ခွင့်မပေးတာလဲ"

"ခင်ဗျားဖန်ကလပ်ရဲ့Weibo account passwordပါ ခင်ဗျားတွက်အထူးသုံးမဲ့ Weibo accountမို့ ကြည့်လည်း အသုံးမဝင်ဘူး"

"မင်းဘာလုပ်လုပ် တော်တော်သေသပ်တယ်နော်"

ချူချန် သူ့ကိုကြည့်လိုက်သည်။

"ဒါပေါ့ကိုကိုရယ်… စိတ်လည်းမပူနဲ့…တစ်ခြားသူတွေမှာရှိတဲ့အရာဆို ကို့ကို့မှာရှိလာရမယ်…တစ်ခြားသူတွေမှာမရှိတဲ့အရာဆိုလည်း ကိုကို့မှာရှိလာအောင် ကျွန်တော်ကြိုးစားပေးမှာ"

"မင်းကိုယ်မင်းသာ ပိုပြီးဂရုစိုက်ပါ…ကိုယ်က အပန်းဖြေချင်ရုံပဲ…နောက်ဆို ဒီလောကမှာအောင်မြင်လာမဲ့သူကမင်းလေ"

"ကိစ္စမရှိပါဘူး ကျွန်တော်မှာလည်းအတိုင်းအဆရှိပါတယ်"

ချူချန်သည် သူ့ရဲ့ရင်းနှီးလှသောစကား‌လုံးတွေအားနားထောင်ရင်း လွန်ခဲ့တဲ့နှစ်ရက်က ချူရှင်းရဲ့ခံစားချက်ကို နားလည်တတ်လာမိသည်။

"လိုရင်းပြောရအောင် ကိုယ် မင်းကိုပြောစရာတစ်ခုရှိတယ်"

"ဘာလဲ"

ကျိချင်းကျိုး သိချင်စိတ်ပြင်းပြလာ၏။

ချူချန်ကမူပြုံးပြုံးပင်။

"ဖန်ယောင်ရွှမ်းက မင်းကိုအထူးအလေးထားပြီး ဘာလို့ လျှောက်လိုက်နေလဲသိလား"

ကျိချင်းကျိုးတစ်ယောက်အတန်ကြာမင်သက်သွားမိသည်။
သူသိတာပေါ့…ဒါပေမယ့် ချူချန်ပြောမဲ့အရာကိုလည်းကြားချင်၍မေးကြည့်လိုက်သည်။

"ခင်ဗျားသိတယ်လား"

"အန်းယီသာမှန်ရင်ပေါ့"

"အန်းယီကဘာထပ်ပြောပြန်တာတုန်း"

"သူမပြောတာတော့ ဖန်ယောင်ရွှမ်းက မင်းကိုတကယ်သဘောကျတာမဟုတ်လောက်ဘူးတဲ့…ပြီးတော့ သူက လော့ယွီရှင်းကိုသဘောကျနေလို့ မင်းကို လော့ယွီရှင်းရဲ့အစားထိုးလိုသတ်မှတ်ထားတာတဲ့…အဲ့တာကြောင့် မင်းနောက်လျှောက်လိုက်နေတာကွာ…‌အဲ့လော့ယွီရှင်းက မင်းနဲ့နည်းနည်းဆင်တယ်လို့ကိုယ်ပြောခဲ့တယ်မလား"

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now