{39}

5.8K 877 28
                                    

Unicode

ဇာတ်ညွှန်းဆိုတာဝတ္ထုရဲ့ဒုတိယဖန်တီးမှုတစ်ခုပဲဖြစ်သည်။လူအမျိုးမျိုး အဓိပ္ပါယ်အမျိုးမျိုးရှိလာမယ်။ သူတို့နားလည်မှုတွေနဲ့ဇာတ်ကောင်တွေဖန်တီးလာကြမယ်။ဒါ့ပြင် ဇာတ်ကားထဲမှာပါတဲ့ဇာတ်ကောင်တွေကိုခံစားမှုရသတိုးစေရန် သုံးမျိုးထက်မကဖန်တီးယူကြသည်။ချူချန်ရဲ့ကျွမ်းရှန်းယန်ဟာလည်း လုံးဝအဲ့လိုမျိုးပင်။သူမလုပ်ပြခင် ကျိချင်းကျိုး၊ဒါရိုက်တာနှင့် ဇာတ်ညွှန်းရေးဆရာတို့၏ ကျွမ်းရှန်းယန်ပေါ်အမြင်မှာ နူးညံ့ကြင်နာတတ်ပြီးဂရုစိုက်ပေးတတ်တဲ့ စီနီယာတစ်ယောက်လိုမျိုးဆိုတော့ ကျွမ်းရှန်းယန်ရဲ့မထင်ရင်မထင်သလို ထင်ရာစိုင်းတတ်တဲ့အပြုအမူကိုအားနည်သွားစေတယ်။

သို့သော် ချူချန်ကတော့ သူတို့နဲ့အမြင်မတူပေ။သူကထင်ရှားလွန်းတဲ့နောက်ခံအရှိန်အဝါရော ဉာဏ်ရည်ထက်မြက်မှုရောပိုင်ဆိုင်ထားတဲ့ ကောင်းကင်ဘုံက ဂုဏ်ယူရသောသားတော်တစ်ပါးလေ။သူတွေ့ကြုံခဲ့ရတဲ့အရာရာတိုင်းကချောမွေ့ပြီး သူ့အတွေးအခေါ်တွေကလည်း လွတ်လပ်ပေါ့ပါးသည်။သူ့အမြင်ကတော့ သူသရုပ်ဆောင်တဲ့ကျွမ်းရှန်းယန်ဟာ အချစ်ကိုကန့်သတ်ထားရုံသာမက ဒီလိုနူးညံ့ပြီးဂရုစိုက်ပေးတတ် လွတ်လပ်ပြီး ပေါ့ပေါ့ပါးပါးနှင့် ကျွမ်းရှန်းယန်ဟာ ကျန်းဖေးနဲ့ကျန်းဝေဝေတို့ပေါ်မှာတော့ နည်းနည်းပိုပြီးသည်းခံပေးတတ်သူကြီးဖြစ်သည်။သူပတ်လည်မှာဖြစ်နေတဲ့အကူညီမဲ့နေမှုကိုလည်း ထိုထွင်းမြင်နိုင်စွမ်းရှိသည်။

ဒါရိုက်တာနဲ့ဇာတ်ညွှန်းရေးဆရာတို့မှာ ဒီကျွမ်းရှန်းယန်ပုံစံကလည်း အထူးဆွဲဆောင်မှုရှိသည်လို့ခံစားရ၍ များများစားစားမပြောတော့ ။ မကြာခင်ပဲ ချူချန်ရိုက်တာပြီးသွားခဲ့သည်။

ရိုက်ကူးရေးအဖွဲ့က သူတွက် နှုတ်ဆက်တဲ့အနေနဲ့ကိတ်မုန့်ခွဲဖို့ပြင်ကြဆင်ကြနှင့် လူတိုင်းနှင့်လည်း အုပ်စုလိုက်ဓာတ်ပုံ ရိုက်ယူခဲ့ကြသည်။ ချူချန်ကတော့ ခံစားချက်တွေကောင်းနေတယ်။ သရုပ်ဆောင်တစ်ယောက်ဖြစ်ရတာလည်းမဆိုပါဘူးလေ။ဒါပေမယ့် ဘယ်လိုပဲကောင်းတယ်ပြောပြော တစ်လတစ်ကြိမ်ကျင်းပမှကိုဖြစ်တဲ့လစဉ်အစည်းအဝေးရှိနေ၍ သူ ကုမ္ပဏီကိုပြန်သွားရမှာဖြစ်သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now