41

15.3K 2.7K 258
                                    

Unicode

"အမ်......"

ထိန်းချုပ် မရတဲ့ မပြတ်မသား ညည်းသံလေးတွေက အိပ်ခန်းထဲတွင် ပဲ့တင်ထပ်လာသည်။

ရှီယွင်နန်တစ်ယောက် အိပ်ခန်းရဲ့လေထုက တဖြည်းဖြည်းပူနွေးလာတယ်လို့  ခံစားနေရလေသည်။ သူ့ လည်ပင်းနဲ့ နားရွက်များမှာ အနမ်းပြင်းပြင်းလေးကြောင့် နီရဲနေပြီး သူ့ပါးပြင်များကပါ ပူနွေးနေသည်။

လော့လင်းရှန်းက ဒီပြင်းပြနေသည့် အခြေအနေမှာ သူ့ကို လွှတ်လိုက်ပြီး  အလိုလိုပေါ်ပေါက်လာတဲ့ သူ့စိတ်ဆန္ဒတွေကို မျိုသိပ်ထားလိုက်သည်။

"မင်း ပြဿနာရှာအုံးမှာလား?"

ရှီယွင်နန်ရဲ့ မျက်ခွံလေးတွေ တုန်ယင်သွား၏။ အရောင်ဖျော့ဖျော့ရှိတဲ့ မျက်ဆံလေးတွေဟာ အစိုဓာတ်လေးတွေနဲ့ ပြည့်နှက်နေပြီး၊ အမြဲတမ်း တောက်ပကာ ထက်မြတ်နေတတ်သည့် မျက်လုံးလေးတွေဟာ အနည်းငယ် မှိုင်းဝေနေသည်။

ဒါဟာ ပြင်းပြတဲ့ စိတ်ခံစားချက်ကို သဘာဝအတိုင်း တုံ့ပြန်တာပင်။

လော့လင်းရှန်းက သူ့လက်မောင်းတွေနဲ့ ရှီယွင်နန်ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး သူ့နားသန်မွှေးလေးတွေကို နမ်းလိုက်သည်။

ရှီယွင်နန်မှာ ဒီထိန်းမရတဲ့ အနမ်းမှ လွတ်မြောက်ရန် မိနစ်ဝက်ခန့်လောက် အချိန်ယူလိုက်ရသည်။ သူဘာကြောင့်မှန်းမသိ လော့လင်းရှန်းကို မဝံ့မရဲလေး လိုက်စမ်းကြည့်လိုက်တော့

လော့လင်းရှန်းက အမြန် တုံ့ပြန်လာပြီး သူ့လက်ကောက်ဝတ်လေးကို ချက်ချင်းဆွဲလာကာ

"ပြဿနာမရှာနဲ့တော့။"

"မဟုတ်ဘူး၊ ကျွန်တော် ဒီတိုင်းတစ်ခုခုကို အတည်ပြုချင်ရုံလေးပါ။"

ရှီယွင်နန်ရဲ့ အသံမှာ ကျေနပ်ပြီး မြှူဆွယ်နေတဲ့အရိက်အယောင်လေးတွေ အပြည့်ပါနေသည်။ "ခင်ဗျားရဲ့ ဒဏ်ရာက ဒါကို ထိခိုက်သွားမလားလို့ ကျွန်တော်သိချင်နေခဲ့တာ။ ဒါမယ့် ကြည့်ရတာတော့ အဆင်ပြေပြီး တော်တော်ကြီးတဲ့ပုံပါပဲ။"

လော့လင်းရှန်းမှာ သူ့ရဲ့ ညစ်ညစ်ညမ်းညမ်း ဝေဖန်စကားလေးကြောင့်၊ မထိန်းနိုင်တော့ဘဲ အသံဩဩကြီးနဲ့ မေးလိုက်သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now