16. World-1.15

657 66 0
                                    


Unicode

"အဆင်ပြေသွားပြီလား"

ယန်က Omegaလေးကို နောက်ကနေဖက်လျက် ခေါင်းပေါ်မေးတင်ကာ မေးလိုက်သည်.... သူနိုးလာတော့ Omegaလေးက ထသွားပြီဖြစ်သည်... သူက မီးဖိုထဲမှာ မနက်စာပြင်နေ၏... ယန် သူ့ကိုစစ်ကြည့်တော့ ကိုယ်ပူချိန်ကျသွားပြီဖြစ်သည်...

Author : မင်းသူ့ကို ထပ်ဖက်ချင်နေတာပါ....

{ပါးစပ်ပိတ်ထား! သူ့ကိုအခွင့်ကောင်းယူနေတာ မဟုတ်ပါဘူးနော် ဟန့်!}

အမှန်တော့ သူပြင်ဆင်ထားတဲ့ movie dateလေးက အဖျားကြောင့် ပျက်ဆီးသွားတာမလို့ ကူကယ်ရာမရဖြစ်နေတာပင်... Jihoonက Omuriceတစ်ပန်းကန်ကို သူ့ရှေ့တွင်ချပေးသည်.... "ကျေးဇူးပါ" ထို့နောက် ယန်မှာ ဇွန်းယူကာစားသောက်လေတော့သည်...

"တကယ်နေလို့ကောင်းသွားပြီလား" ယန်က Jihoonကို ခေါင်းအစခြေအဆုံးကြည့်ကာမေးတော့ Omegaလေးက ခေါင်းညှိမ့်ပြ၏..."ဒါဆို ညဈေးတန်းကို သွားရအောင်" ယန်ပြောလိုက်သည်...

သူတို့ ညဈေးတန်းကို ထွက်လာလိုက်၏... ရောင်စုံကားချပ်တွေရှိတဲ့စက်တွေ၊ တောက်ပနေတဲ့ Screenတွေ၊ အကြွေစေ့နှင့် လဲဆော့ရသောစက်တွေ၊ လက်မှတ်ကောင်တာ၊ သေချာပုံဖော်ထားတဲ့ ကြမ်းပြင်၊ နီယွန်မီးတွေနဲ့ အရုပ်ကောက်စက်တွေက သူတို့မြင်ကွင်းမှာဆီးကြိုနေကြသည်... ပတ်ဝန်းကျင်မှာလည်း ကလေးတွေအော်ဟစ်သံတွေနဲ့ စက်တွေကထွက်လာတဲ့ အသံတွေပါ မျိုးစုံဆူညံနေလေ၏...

Jihoonမှာအံ့အားသင့်သွားသည်.... ဒါက ညဈေးတန်းကို ပထမဆုံးအကြိမ်ရောက်ဖူးတာဖြစ်၏... ပူနေတဲ့ စက်ပစ္စည်းတွေက အနံ့တွေကိုပင် ရနေသည်.... သူတို့အထဲကိုရောက်တော့ က အကြွေစေ့သွားလဲ၏... Jihoonရဲ့အကြည့်တွေကတော့ အရုပ်ကောက်စက်တွင်သာ မြဲနေပြီးအထဲမှာရှိတဲ့ အမွေးပွအရုပ်တွေက သူ့ကိုဆွဲဆောင်နေသည်... ရုတ်တရတ်ပဲ သူကြည့်ဖူးတဲ့ ဇာတ်လမ်းထဲမှာ ကောင်လေးက သူ့ချစ်သူအတွက် ဒီလိုနေရာမှာအရုပ်ကောက်ပေးတာကို စဉ်းစားမိသွားတော့ ရှက်သွေးဖြာသွားလေ၏....  အဲ့တာက အရမ်းကြည့်နူးစရာကောင်းတယ်ဆိုတာ သူသိသည်...

"မင်းကောက်ကြည့်ချင်လား... ကိုယ်အကြွေစေ့လဲလာတယ်" ယန်ပြန်လာကာ လက်ထဲကို အကြွေစေ့ထည့်ပေးလိုက်၏... ကောင်လေးက အကြွေစေ့ကို စက်ထဲသို့ထည့်လိုက်ပြီး အရုပ်စကောက်ချိန်မှာတော့ မျက်လုံးတွေတလက်လက်ဖြစ်နေသည်... Jihoonရဲ့မျက်လုံးတွေက ချစ်စရာကောင်းတဲ့ လိမ္မော်ရောင်အမွေးပွကြောင်ရုပ်ကိုသည်ကြည့်နေ၏... ထိုအရုပ်ကို သူတကယ်လိုချင်သည်... ယန်က ဘေးကနေ သူ့ကိုအားပေးပေမဲ့ နောက်ဆုံးတော့ ဘာမှမရလိုက်ချေ... Jihoonရဲ့မျက်နှာမှာ ငိုမဲ့မဲ့ဖြစ်လာပြီး ခွေးလေးတစ်ကောင် အမြီးလေးငုံ့ကာ ညှိုးငယ်သွားသည်နှင့်ပင် တူနေလေ၏..

စာအုပ်ထဲသို့ကူးပြောင်းသွားခြင်း (Omegaverse)Where stories live. Discover now