အခန်း(၄၅၁)

1.2K 146 37
                                        

အခန်း(၄၅၁)

မင်းဆက် အသစ် တည်ထောင်ခြင်း။






Long Feiye ၏ နက်မှောင်သော မျက်လုံးများမှာ နက်ရှိုင်းကာ နားမလည်နိုင်သော ပင်လယ်ကဲ့သို့ပင်။ ဆွံ့အအဘွားကဲ့သို့ အတွေ့အကြုံရင့်ကျက်နေသည့် လူတစ်ယောက်ပင် အတိအကျ သူက ဘာတွေးနေသည်ဆိုခြင်းအား အဖြေရှာရန် ခက်ခဲလှသည်။ ယခုတွင် သူမက သိသမျှအရာအားလုံး သူ့ထံ ပြောပြခဲ့ပြီးဖြစ်သည်။ သူမက သူ၏ အဆင့်အတန်းအား စဥ်းစားမိလျှင်လည်း သူ့အား ယုံကြည်ရန် ခက်ခဲနေဆဲဖြစ်ရပြန်သည်။

"ချင်ဝမ်.. အဲ့ဒီအချိန်တုန်းက.. အရှေ့ချင်တော်ဝင်မျိုးနွယ်က..."

အကယ်၍ ဆွံ့အအဘွားမှာ မှတ်မိနေသည်မှ မှန်နေလျှင် အရှေ့ချင်မှာ အနောက်ချင်ထက် ပို၍ ဝမ်းနည်းစရာကောင်းသည့် အဆုံးသတ်နှင့် တွေ့ကြုံခဲ့ရကြောင်း သခင်မလေး Mu Xin မှ ပြောခဲ့သည်။ သူတို့၏ မြို့တော်ကျသွားချိန်တွင် နန်းတော်မှ မီးလောင်တိုက်သွင်းခံရကာ မီးတောက်များမှာ လဝက်လောက် လောင်ကျွမ်းနေခဲ့ပြီး အသက်ရှင်ကျန်သူ မရှိခဲ့ပေ။ Long Feiye မှာ မော့ကြည့်လာပြီး ကြောက်ရွံ့ဖွယ် အမုန်းတရားများ ဖြတ်သွားလျှင် ဆွံ့အအဘွားမှာ ထိတ်လန့်ကာ စကားမဆိုနိုင်တော့ပေ။

အနောက်နှင့် အရှေ့ချင်တို့၏ အာဃာတမှာ ရလဒ်အနေဖြင့် သုံးနှစ်ကြာ ပြည်တွင်းစစ် ဖြစ်ခဲ့သည်။ ၎င်းမှာ စကားလုံးအနည်းငယ်ဖြင့် အကျဥ်းချုံ့၍ ရနိုင်သည့် အလွန် ရိုးရှင်းသော ကိစ္စမဟုတ်ပဲ ဆွံ့အအဘွားမှာ အဖြစ်အပျက်၏ တစ်စိတ်တစ်ပိုင်းသာ သိထားနိုင်ချေ များသည်။ သို့တိုင် နှစ်ပြည်ထောင်ကြားရှိ အမုန်းတရားမှာ လျစ်လျူရှု၍ ရနိုင်သော တစ်စုံတစ်ရာ မဟုတ်ကြောင်း သူမက သိနေသည်။

ဆွံ့အအဘွားမှာ သူမ၏ ရှေ့ရှိ အမျိုးသားနှင့် ပတ်သက်၍ သံသယရှိနေသော်လည်း ပြောလိုက်မိဆဲဖြစ်သည်။ "ချင်ဝမ် တကယ်လို့ သမိုင်းက မပြောင်းလဲဘူးဆိုရင်တောင် လူတွေရဲ့ နှလုံးသားက ပြောင်းလဲနိုင်တယ်။ ဒါပေမယ့် အတိတ်က အမုန်းတရားတွေ အားလုံးကို ပုခုံးထမ်းရတဲ့ တစ်စုံတစ်ယောက်က ဘာကိုမှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Dove le storie prendono vita. Scoprilo ora