Zawgyi
အခန်း-(၁၁၀) သူ့ကိုခွင့်လွှတ်ရမှာလား ကျွန်မကိုယ်ကျွန်မခွင့်လွှတ်ရမှာလား?
ကျွန်မ နှလုံးသားက နာကျင်လာတယ်။
"လီရှန်း မင်းရဲ့ စိတ်ရောဂါချို့ယွင်းတာက ဘယ်အချိန်က စဖြစ်လာတာလဲ"
နျွယ့်ကျွမ်းက ရုတ်တရက် မေးလာတယ်။
သူအဲ့လိုမေးလာတော့ ကျွန်မမှာ အေးစက်စက် ချွေးစေးတွေ ထွက်လာတယ်။
Bro...အဲ့ဒါက စိတ်ရောဂါမဟုတ်ပါဘူးဆို...!
ကောင်းပါပြီ...တကယ်တော့လည်း အဲ့လိုထဲကတစ်မျိုးပါပဲ...!
ကျွန်မ မျက်လုံးကလယ်ကလယ်လုပ်ရင်း စဉ်းစားနေလိုက်တယ်။
"အထက်တန်းကျောင်းမှာ...အဲ...ဒုတိယနှစ်တုန်းက ဖြစ်နိုင်တယ်"
နျွယ့်ကျွမ်းက ပြုံးလာတယ်။
"ငါဆို ငယ်ငယ်ကတည်းက အရူးလို့ ခေါ်ခံရတယ် တကယ်တော့ မွေးကတည်းကနေပါပဲ...ငါ့ပတ်ဝန်းကျင်က လူတွေအားလုံး သေကုန်တော့ လူတွေက ငါ့ကို အဲ့လိုကျိန်စာသင့်တဲ့လူဖြစ်အောင်လုပ်ခဲ့ကြတယ်"
ကျွန်မ လည်ချောင်းထဲမှာ တစ်ခုခု ကပ်နေသလိုခံစားရပြီး စကားလည်း မပြောနိုင်တော့ပါဘူး။
"လီရှန်း...မင်းအချစ်ဆုံးလူကို မင်းသတ်ခဲ့တယ်ထင်တယ်မလား...ဒါပေမဲ့ ငါကတော့ ငါချစ်ရတဲ့သူနဲ့ ငါအချစ်ရဆုံးသူတွေကို သေစေခဲ့တဲ့လူ သတ်ပစ်လိုက်တဲ့လူလို့ ခံစားရတယ်..."
နျွယ့်ကျွမ်းရဲ့ အသံက ပျော့ပျောင်းနေပြီး သူ့မျက်ဝန်းက အထီးကျန်နေတဲ့ သမုဒ္ဒရာတစ်ခုလိုဖြစ်နေပါတယ်။
ကျွန်မ နှလုံးသားက အရင်ကလို နာကျင်လာတယ်။ဒါက ကျွန်မခံစားရတဲ့ ဝေဒနာနဲ့ ကွဲပြားတဲ့ ဝေဒနာတစ်မျိုးပါ။
"ဒီကမ္ဘာမှာ မင်းအတွက် နေရာမရှိဘူးလို့ မင်းထင်နေပြီး မင်းကိုမင်း အပြစ်မကင်းဘူးထင်နေတယ်...'အပြစ်မကင်းဘူး' ဆိုတဲ့စကားလုံးကိုငါထည့်မတွက်ပေမဲ့...ငါကတော့ သူများကို ထိခိုက်နစ်နာစေမဲ့ အရာတွေကိုရပ်တန့်နိုင်ဖို့ပဲ မျှော်လင့်ခဲ့မိတယ်... ခွင့်လွှတ်ဖို့ဆိုတာတော့ ငါဘယ်တုန်းကမှ မတောင်းဆိုခဲ့ဖူးဘူး-
BẠN ĐANG ĐỌC
တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]
Kinh dịTitle : Split Zone 13 ( 禁裂区13号 ) Author : Yu Wei ( 虞薇 ) Raws : 17K 小说作品翻译自ChineseAll中文在线 17K小说网 Status in COO : 323 Chapters (com) English Publisher : Volare Novels Translated by : Hilda Eng-translation Authors : may...
![တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]](https://img.wattpad.com/cover/309949187-64-k442962.jpg)