အပိုင်း( 42)UnZaw

5.6K 305 47
                                    

ပေါင်ပေါ်ခေါင်းအုံးပြီးအိပ်ပျော်နေတဲ့ ကောင်ငယ်လေးရဲ့ ဆံနွယ်တွေဆော့ကစားရင်းပုဂံမြို့ရဲ့မနက်ခင်းအလှတရားများငေးမောနေမိသည်။

ရွာကနေ မနက်လေးနာရီလောက်ထပြီး ပုဂံမြို့ကိုထွက်ခဲ့ရာ 7နာရီထိုးအချိန်မှာတော့ ပုဂံမြို့ရဲ့အလှတရားနဲ့ ဘုရားပုထိုးများစွာကိုဖူးမြော်ရတော့သည်။

"မောင်နွေဦး အဲ့ကောင်ကိုနိူးလိုက်တော့ တစ်လမ်းလဲ သူများအပေါ်အိပ်လာတာ

ခွပ်ဒေါင်းအဖေက နွေဦးကိုလူကြီးတွေရှေ့တောင်းဖို့ပြောပြီးကတည်းက မောင်နွေဦးလို့သာခေါ်တော့သည်။

နွေဦးပေါင်ပေါ်မှာကားမူလိုအိပ်နေတဲ့သူကိုနွေဦးအနားကပ်ကာ

"ထတော့ ပုဂံရောက်နေပြီ အိပ်ပုတ်ရဲ့

အိပ်နေဆဲပါဘဲ

"ထတော့လို့ မဟုတ်ရင်ကားပေါ်ပစ်ထားခဲ့မှာနော်

ကလေးတွေလိုပစ်ထားခဲ့မယ်ဆိုပြီး ခြိမ်းခြောက်တော့မှာ မျက်လုံးမးနှစ်လုံးကိုလက်နဲ့ပွတ်ကာထလာပြီး

"ဘယ်ရောက်နေပြီလဲ

"ပုဂံတောင်ရောက်တော့မှာ မင်းကတစ်လမ်းလုံး သူများပေါင်ပေါ်အိပ်နေတာ

ဦးတိုးမာန်သားဖြစ်သူကို မပြောချင်ဘဲပြောရတော့သည်။ ရွာကထွက်ကတည်းက မောင်နွေဦးပေါင်ပေါ် ခေါင်းမှီပြီးအိပ်လာတာ မောင် နွေဦးမှာ တစ်လမ်းလဲတရေးမှတောင်မမှေးနိင်ရှာဘူး ဒီကောင် ယောင်္ကျားဖြစ်ပြီး ကားလေးစီးတာတောင်မူးနေတဲ့တကယ်ကောင်

ခွပ်ဒေါင်းပျင်းကြောဆန့်လိုက်ပြီး

"အဖေကလဲသားကသူများပေါင်ပေါ်အိပ်တာမဟုတ်ပါဘူး ကိုယ် ယောင်္ကျားပေါ်ကိုယ်အိပ်တာပါ

"ဟုတ်တယ်မလား ကိုကို

"ဟုတ်တယ်မလား

ခွပ်ဒေါင်းမာန်ကရုတ်တရက်ပြီး ကိုကိုလို့ခေါ်လိုက်တာကြောင့် နွေဦးအပါအဝင် ကျန်တဲ့သူ‌များကပါကြောင်နေကြသည်။

ရွာကမထွက်ခင်ကဘာတွေများ အစားမှားလာမိပါလိမ့် ကိုယ်က သူထက်အသက်ကြီး ကိုကိုလို့ခေါ်တာအကြောင်းမဟုတ်ပေမဲ့ ရုတ်တရက်ကြီး ခေါ်ခံရတဲ့နွေဦးမှတော့ရှက်လို့မျက်နှာကို တစ်ခုခုနဲ့သာဖုံးထားချင်တော့သည်။

You've reached the end of published parts.

⏰ Last updated: Oct 25, 2022 ⏰

Add this story to your Library to get notified about new parts!

ဒေါင်းWhere stories live. Discover now