Extra present for 1M (SASY+SKN)

59.6K 3.7K 233
                                    


မေမေက အိမ်တွင် ဘုန်းကြီးဆွမ်းကပ်မည်ဟု
ဆိုတာကြောင့် ဒီတစ်ပတ် သူတို့၏
နားရက်တွင် ညောင်ရွှေမှ မန္တလေးသို့
ပြန်လာခဲ့ကြသည်။

ဒီဇင်ဘာလဖြစ်၍ မန္တလေးတွင်လည်း
ရာသီဥတု က အေးမြနေပေပြီ။

ဆွမ်းကပ်က တနင်္ဂနွေနေ့တွင် လုပ်မည်ဖြစ်ပြီး
ရှန်ခွန်းနောင်တို့ကတော့ သောကြာနေ့ နေ့လယ်
လောက်ကတည်းကပင်ညောင်ရွှေမှ
ထွက်လာခဲ့ကြသည်။

မန္တလေးမြို့ထဲသို့ ဝင်သည့်အချိန်တွင်တော့
ညနေ နေဝင်မိုးချုပ်ပြီး လမ်းမီးတို့
ထွန်းလင်းနေပြီဖြစ်၏။

" ဘေဘီ .. ထတော့လေ.. မြို့ထဲရောက်ပြီ"

ကား၊ဆိုင်ကယ် ရှုပ်လှသည့် မြို့လယ်ခေါင်လမ်းတွေဖြစ်၍ စိုင်းအံ့သျှိုင်းယံ ကားကို
ဂရုတစိုက် မောင်းနေရင်း ဘေးတွင်
ထိုင်ခုံပေါ်ခြေထောက်နှစ်ချောင်းတင်၍
ကွေးကွေးလေးအိပ်ပျော်နေသော ဘေဘီ့ကို
နှိုးလိုက်သည်။

ဝတ်ထားသည့် hoodie အဝါရောင်လေးနဲ့
ခန္ဓာကိုယ်ကို သေးသေးလေးဖြစ်အောင်ထိ ကွေး
အိပ်နေသည့် ဘေဘီက ကြက်ပေါက်ကလေးနဲ့ပင်
တူနေတာကြောင့် စိုင်းအံ့သျှိုင်းယံ ကြည့်ရင်း
ပြုံးလိုက်မိသည်။

ခရီးထွက်လျှင် စစချင်းမှာ ပါသမျှ မုန့်တွေစား၊
သီချင်းနားထောင် သူ့ကို စကားလေး ခဏ
တတွတ်တွတ်ပြောပြီးတာနဲ့ ခရီးအဆုံးထိ အိပ်ပျော်
သွားတော့တာကလည်း သူ့အတွက် ချစ်စဖွယ် ။

"ဘေဘီ.."

"ကိုကို...ထပြီ..." 

အိပ်ချင်မူးတူး အသံလေးက ခပ်တိုးတိုး..။

ကားဒက်ရှ်ဘုတ် ပေါ်တင်ထားသည့် မျက်မှန်ဝိုင်းလေးကို ယူတပ်ကာ ဟိုဟိုဒီဒီကြည့်နေပုံက
အိပ်ရေးမဝသေးသလို ကြောင်စီစီလေးဖြင့်..။

"အိပ်ချင်နေတုန်းလား.."

"ဟုတ်.."

"မနေ့ညက ကိုယ်တို့အတူနေတာ
ညနက်သွားလို့ ဖြစ်မယ်"

RO ( ရို ) (Completed)Where stories live. Discover now