{42}

5.3K 871 44
                                    

Unicode

လော့ယွီရှင်းကိုကြည့်နေသော ယွီအန်းယီရဲ့ပထမဆုံးတုံ့ပြန်မှုက တကယ်ကိုနည်းနည်းတူတယ်ဟူ၍ပင်။သိုသော် မကြာမီပင် ပြန်သတိဝင်လာကာ ပြုံး၍‌ဆိုလိုက်သည်။

"ရှင်အခုထိမထွက်သေးဘူးလား။ကျွန်မတို့အောက်ထပ်ဆင်းတော့မယ်လေ..."

လော့ယွီရှင်းသည် နောက်ဆုံးတော့ မျက်နှာလှည့်လာပြီး

"မတွေ့တာကြာပြီနော် မိန်းကလေးယွီ"

ထို့နောက် ဓာတ်လှေကားထဲမှထွက်လာသည်။

ယွီအန်းယီ သူ့ကိုပြောလိုက်သည်။

"ကျွန်မတို့ တစ်ယောက်နဲ့မသိခဲ့ဖူးဘူးလို့ထင်ပေမယ့် အသိုင်းဝိုင်းတူနေတော့လည်းကာ…"

သူကလက်ဆန့်ထုတ်လာပြီး ပြုံးမနေတော့ချေ။

ယွီအန်းယီကလည်းပြန်ပြောလိုက်သည်။

"မတွေ့တာကြာပြီနော်"

ထို့နောက် ဓာတ်လှေကားထဲဝင်လိုက်သည်။
ကျိချင်းကျိုးလည်း ဓာတ်လှေကားထဲလိုက်ဝင်လိုက်သည်။ထိုအချိန် လော့ယွီရှင်းက သူ့ပခုံးအားပုတ်၍ သူ့ကိုကြည့်ပြီးမေးလာသည်။

"ကျိချင်းကျိုးမလား"

ကျိချင်းကျိုးခေါင်းညိမ့်လိုက်သည်။

"ဟယ်လို"

"ဟယ်လို"

လော့ယွီရှင်းစကားဆုံးသည်နှင့် ဓာတ်လှေကားတံခါးကအလိုလိုပိတ်သွားသည်။

သူသည် ဓာတ်လှေကားတံခါးအားကြည့်၍ မျက်နှာပေါ်က အပြုံးလည်း တဖြည်းဖြည်းပျောက်ကွယ်လာသည်။

ဒါက ကျိချင်းကျိုးပေါ့လေ။သူနဲ့နည်းနည်းတူတာပဲ။ဖန်ယောင်ရွှမ်းတစ်ယောက် သူနဲ့အချိန်တွေစွမ်းအင်တွေဖြုန်းဖို့ဆန္ဒရှိနေတာ အံဩစရာမဟုတ်တော့ပါဘူး။လော့ယွီရှင်းသည် အိတ်ကပ်ထဲလက်ထည့်ပြီး သူ့အခန်းဆီလှည့်ထွက်လာလိုက်သည်။ ဖန်ယောင်ရွှမ်းနဲ့ ကျိချင်းကျိုးကြားက ဆက်ဆံရေးကိုသူမသိတာမဟုတ်ပေ။အစကတော့ အမှတ်မထင်တွေ့လိုက်ရတော့ သူအံ့ဩသွားမိသည်။အရင်က ကျိချင်းကျိုးကိုအဝေးကပဲမြင်ဖူးထဲက မှန်းဆချက်တစ်ခုရှိခဲ့တာ။အခုတော့ အဲ့မှန်းဆချက်ကို အသေအချာအတည်ပြုလို့ရပြီပဲ။သူနဲ့ဆင်တူတဲ့လူကိုရှာပြီး ချစ်မိမယ်ဆို ဒီလိုနည်းနဲ့သူ့ကိုပိုင်ဆိုင်သွားပြီလို့ ကိုယ့်ဘာသာတွေးနေမိတော့မယ်မဟုတ်ပါလား။ဖန်ယောင်ရွှမ်းက စင်စစ်တော့ သူ့ကိုယ်သူ လှည့်စားနေခဲ့တာပဲလေ။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now