Chapter 10 - Unicode

6.8K 605 20
                                    

"ပြန်လာပြီလား"

မိုးမြတ်နောင်၏ အမေးကို မြင့်မြတ်ပိုင်နောင်က ခေါင်းညိတ်၍သာဖြေသည်။

"မနက်ဖြန်နယ်ဘက်သွားချင်လို့ လိုက်ခဲ့ပေးဦး"

မှင်သေသေနှင့်ပြောလိုက်တော့ မြင့်မြတ်ပိုင်နောင်က ခေါင်းလှည့်လာကာ ဘယ်ကိုလဲဆိုသည့်သဘောနှင့် မျက်မှောင်ကုတ်ကာကြည့်သည်။

"ငါ့ကလေးတစ်ယောက်ရွာသွားရမှာ အဲဒါ"

"နင်ဘာသာသွားလေ မမရာ ငါခရီးသွားရတာမကြိုက်ဘူး"

"ဟဲ့ မကြိုက်လည်းလိုက်ခဲ့ နင်အိမ်နဲ့ဆေးခန်း၊ ဆေးခန်းနဲ့အိမ် ကြာရင်မိန်းမလည်းရမှာမဟုတ်"

မြင့်မြတ်ပိုင်နောင် မငြင်းတော့ဘဲ တိတ်တဆိတ်သာသူ့အခန်းထဲသို့၀င်လာခဲ့လိုက်သည်။ ပိုက်ဆံလေးလုံလုံလောက်လောက်စုမိရင်တော့ အိမ်ပြောင်းနေရမည်။ အစ်မဖြစ်သူ၏ ပူညံပူညံကိုသူတကယ် မခံစားနိုင်တော့ချေ။

သို့သော်လည်း ဒီအစ်မရှိနေလို့သာ သူစားရေးသောက်ရေးမပူရတာဖြစ်သည်။ သူတစ်ယောက်တည်းသာဆို ဖြစ်သလိုနေ၊ ဖြစ်သလိုစားနှင့် ရှေ့ရောက်မှာမဟုတ်။ ဒီအသက်အရွယ်ထိ မိုးမြတ်နောင်က သူ့ကိုပြုစုစောင့်ရှောက်လာတာဖြစ်သည်။

သုံးနှစ်သာကွာသော်လည်း မိုးမြတ်နောင်က သူ့ကိုအများကြီးကြည့်ရှူ့စောင့်ရှောက်ပေးခဲ့သည်မှာ အမှန်ပင်။

"ဟဲ့ အ၀တ်အစားလေးတစ်စုံလောက်ထည့်ထားဦး"

မြင့်မြတ်ပိုင်နောင်ဆီက တုံ့ပြန်ချက်မရသည်မှာ သိပ်တော့အထွေထွေထူးထူးမဟုတ်တော့ချေ။

________________________________________

"မြေး မနက်ဖြန် မနက်စောစောကားစီးရမှာ ဆေး၀ယ်ထားလား"

"ဟုတ် သား၀ယ်ထားတယ်"

သျှင်မင်းသန့်က ကားမူးတတ်တာမို့ ကားမူးပျောက်ဆေးတွေကို အသင့်၀ယ်ထားရသည်။ ခဏဆိုရပေမဲ့ တစ်နာရီကျော်သွားရသည့် ခရီးဆိုလျှင် သျှင်မင်းသန့်က ကားမူးပြီး သုံးလေးရက်လောက်အထိဖျားတတ်သည်။

ထို့ကြောင့် ခရီးတစ်ခုခုသွားမည်ဆိုလျှင် ဂရုစိုက်ရ၏။ သို့သော် ဒီအချိန်တွင် သူကားမူးပျောက်စေမည့် တစ်စုံတစ်ယောက်ပါလာမည်ကို မသိသဖြင့် ဆေးတွေကို အပြေးသွား၀ယ်မိနေသေးသည်။

HONEYWhere stories live. Discover now