Part39(Unicode)

31.8K 3.4K 1.2K
                                    

ရေကန်ဘေး၌ ရုတ်စုရုတ်စုဖြစ်နေကြသော လူအုပ်စုကြီးကပါ ရုတ်တရက်ငြိမ်ကျသွားသလိုမျိုး ခံစားလိုက်ရသည်။မျက်နှာအမူအယာဟာ အရိပ်အကဲဖမ်းလို့မရလောက်အောင် အသက်မဲ့နေခဲ့ပေမဲ့ ကိုယ့်ရင်ခုန်သံကို ကိုယ်ပြန်ကြားနေရခဲ့သည့်အထိ သူခြောက်ခြားနေခဲ့သည်။
‌တစ်ကိုယ်လုံးချွေးစေးတွေ ပျံလာကာ ရပ်နေခဲ့တဲ့ခြေထောက်အစုံဟာ တုန်ယင်နေခဲ့တာ လဲပြိုကျလုနီးပါပင်။ပထမတစ်ခါ ကျူးလွန်ခဲ့မိစဥ်က သူ့စိတ်တွေဟာအတ္တတွေဖြင့်လောင်မြှိုက်နေခဲ့တာမို့ ထိတ်လန့်ကြောက်ရွံ့ဖို့ဆိုတာကိုလည်း မေ့လျော့နေခဲ့သည်။သို့သော် အတိတ်မှာသူကျူးလွန်မိခဲ့သမျှ အတ္တအမှားများအတွက် သူအများကြီးပေးဆပ်ခဲ့ရသည်။အခုအချိန်ထိလည်း သူပေးဆပ်နေရဆဲပင်။ထိုအမှားရဲ့ အပြစ်ဒဏ်ခတ်ခြင်းကို သူခံနေရဆဲပင်။အတ္တဆိပ်တက်ကာ မှားခဲ့မိတဲ့ခြေလှမ်းတစ်ခုက သူ့တစ်ဘဝလုံးကို အမှောင်မိုက်ဆုံးနေရာသို့ တွန်းပို့ခဲ့သည်။

သူ့ဘဝရဲ့အမှောင်မိုက်ဆုံး အချိန်တွေမှာ ဆိုင်းလော့ဒ်ဟာ မထင်မှတ်ပဲလှမ်းမြင်ခဲ့ရတဲ့ အလင်းလေးတစ်ပွင့်ဖြစ်သည်။အဲ့ဒီအလင်းလေးကို တစ်သက်လုံးဖက်တွယ်ထားချင်စိတ်ဖြင့် သူထပ်ပြီးအတ္တဆိပ်တက်မိပြန်သည်။အတိတ်ကလိုမျိုး တူညီသောအမှားတို့ကို ထပ်မံကျူးလွန်မိသည်။ဒီတစ်ခါတော့ သူ့အတွက် အခွင့်အရေးဆိုတာ ထပ်မရှိနိုင်တော့ဘူးထင်သည်။သူ့ဘဝတစ်ခုလုံး အမှောင်မိုက်ဆုံးချောက်ကမ်းပါးထဲကို အပြီးတိုင်ထိုးကျသွားတော့မလို ခံစားနေရသည်။ထိတ်လန့်ခြောက်ခြားရခြင်းတို့ဟာ ရင်ထဲမှာ တဝုန်းဝုန်းပြိုကျနေခဲ့ရင်း သူအသက်မဲ့နေခဲ့၏။

"ဘယ်လိုဖြစ်ပြီး ပြုတ်ကျတာလဲ ခုနကဒီနားမှာ ခင်ဗျားအရင်ရှိနေတာမှတ်လား..."

နံဘေးရှိလူက သူ့၏ပခုံးအားပုတ်၍ ပြောလာတာမို့ ရှင်းခန့်ထိတ်ကနဲဖြစ်သွားရသည်။လူအုပ်စုကြီး၏ အာရုံကလည်းသူ့ဆီသို့ စုပြုံ၍လာ၏။သံသာညို၏ ပခုံးအားဆုပ်ကိုင်ဖေးမထားပါသော ဆိုင်းလော့ဒ်အားငေးကြည့်နေစဥ်မှာပဲ ဆိုင်းလော့ဒ်၏ မျက်ဝန်းနက်နက်တို့က သူ့ထံသို့ရွေ့လျား၍လာသည်။အားလုံး၏အကြည့်များစွာထက်ကို ထိုမျက်ဝန်းနက်နက်တို့က သူ့အားအဆုံးအစမဲ့ ခြောက်ခြားစေသည်။ချောက်နက်နက်ကြီးထဲသို့ ပြုတ်ကျသွားသလိုမျိုး ရင်တွေတလှပ်လှပ်ဖြင့် မျက်စိတွေပါပြာဝေလို့လာသည်။ဆိုင်းလော့ဒ်၏ မျက်ဝန်းတို့ထဲ အဓိပ္ပာယ်ဖော်ဆောင်ရခက်သော အရိပ်အငွေ့တို့ ဖြတ်ပြေးသွားပြီးမှ သူ့‌ဆီမှနေ၍ မျက်ဝန်းတို့အား သာမန်ကာလျှံကာပြန်ရွေ့သွားလေသည်။

Wild  Rose(complete)Where stories live. Discover now