part.6(U+Z)

4.4K 219 50
                                        

Unicode

" ဘာလို့ လေက ဒီလောက်တိုက်နေတာလဲ ! "

ညည်းညည်းညူညူ ထွက်ပြူလာသည့် စွဲရဲ့
စကားသည် အနည်းငယ်ဒေါသသံစွက်သည် ။

စွဲ သည် ပြတင်းပေါက်ဝကလေးမှာ ခေတ္တရပ်ကာ
ကြွေကျနေသည့် ခရေပန်းလေးများကို
အပေါ်စီးကနေ ကြည့်နေခိုက်
စိမ့်,စိမ့်တိုက်လာသည့်
လေကြောင့် အေးလာသလို ခံစားရ၏ ။
စွဲတို့နေထိုင်သည့် WS ဆောင်ရဲ့
အနောက်ဘက်တွင် စီစီတန်းတန်းဖြင့်
စိုက်ပျိုးထားသည့် ခရေပင်ကြီးများဟာ
သူ့ထက်ငါ အပြိုင် ခရေပန်းကလေးများကို
မိုးစက်မိုးပေါက်ကလေးများကျနေသည့်နှယ်
တဖြောက်ဖြောက်နှင့် ခြွေချနေသလိုပင်
သိပ်ကို ကြည်နူးဖို့ကောင်းလှသည် ။
သို့ပေမယ့် ပြင်းထန်စွာထိုက်ခတ်လာသည့်
လေကြောင့် စွဲ ထိုအရာကို အာရုံစိုက်နိုင်စွမ်း
အနည်းကျဉ်းမျှ မရှိတော့ပါ ။

ထိုနောက် စွဲသည် ပြတင်းပေါက်တံခါးလေးအား
ပိတ်ဖို့ ပြင်လိုက်ကာ ဘောင်းဘီ အိတ်ကပ်ထဲ
ထည့်ထားသည့် လက်နှစ်ဖက်အား ထုတ်လိုက်၏ ။
ထိုအခါ လေ၏ အရှိန်ကြောင့် တစ်ဖက်တစ်ချပ်သို့
ကပ်နေသည့် တံခါးအား စွဲ ဆွဲကိုင်လိုက်သည် ။

" ကျွစ်!
ဘာလို့ ဆွဲရခက်နေပါလဲ တကယ် အေးပါတယ်ဆို "

စုတ်တစ်ချက်သပ်ကာ စွဲ တံခါးအား
စောင့်ဆွဲလိုက်၏ ။

" အ! "

ဆွဲလိုက်သည့် အရှိန်ကပြင်းသည်ထင်ပါရဲ့
စွဲရဲ့ လက်ဖဝါးနုနုလေးအား တံခါးညှပ်သွားသည် ။
နာကျင်လွန်းသည့်ဒဏ်ကြောင့် စွဲ လက်လေးအား
ခါယမ်းလိုက်၏ ။

" ဟင့် နာလိုက်တာ..."

သွေးပူနေသည့် အချိန်မို့ လက်ကစီးကျနေသည့်
သွေးစက်လေးတွေကိုတော့ စွဲသတိမထားမိချေ ။

" အေး အေးသိပြီ ။
weeding တွေအတွက် လာရောက်
booking ယူထားရင် Hotel က
အထူးအခွင့်အရေး တစ်ခုပေးဖို့ ပြင်လိုက်လေ ။
အင်း သိပြီ...သိပြီ လိုအပ်တာတွေကို
ခန့်နောင်ကို မေးလိုက် ။ ကိုယ်သူ့ကို
အကုန်ပြောထားလိုက်မယ် ။
ကိုယ်ပြောတာ နားလည်တယ်မလား "

" ...... "

" OK!
ဒါဆို ကိုယ်ဖုန်းချလိုက်တော့မယ်နော် "

🖤SWEL'🖤( စွဲ~စြဲ )  ~completed~Where stories live. Discover now