part 8

424 27 2
                                    

Time & Rose

lesbian fiction ( part 8)

တောက်စ် .... နှင်း ကွာ မင်းက ငါ့သမီးကို
မင်းကွာ ငါ့ကို မကျေနပ်ရင် ငါ့ကို ကြိုက်တာလုပ်လို့ရတာကို ဘာလို့ ငါ့သမီးကိုမှလဲ.....

"""ဆု .. ရုံးခန်းထဲ ဝင်လာတော့ မ အရမ်းဒေါသ ထွက်နေတာကို တွေ့ခဲ့ရတယ်""""
မ ဘာဖြစ်တာလဲလို့မေးကာ ရှေ့က ပွစာကျဲနေတဲ့ ဓာတ်ပုံတွေထဲက ပုံတစ်ခုကို
ကောက်ကြည့်လိုက်တော့  .....

မနှင်းဆီမေ နဲ့  မ ရဲ့ သမီးပဲ....

ဆု ... နှင်းဆီမေ က  မရဲ့ အချစ်ဦးပဲ
ခုတော့ မ ကို အနိူင်ယူချင်တာနဲ့ မ သမီးကို

ဟုတ်ပါ့မလား မ ရယ်... တကယ်ချစ်တာရော
မဖြစ်နိူင်ဘူးလား.........

မ မိဘတွေက နှင်းအပေါ် အမှားတွေအများကြီးလုပ်ခဲ့ဖူးတယ် ဆု  ... အဲ့လိုလူမျိုးက မ တို့ မိသားစုနဲ့ ထပ်ပတ်သက်ဖို့ ကြောက်နေမှာလို့ မထင်ခဲ့တာလေ သူ မ အချစ်ကိုလဲ ပြန်မယူခဲ့တော့ ခုတလော
မ စီးပွားရေးကိုလဲ သူ သိရဲ့နဲ့ လုပ်ခဲ့တယ်
ခု လဲ သမီးကို သူ ကစားနေတာ.....သူမှာ
အချစ်မရှိတော့ဘူးလို့ သူပြောခဲ့တာ  ဆုရဲ့....

စိတ်အေးအေးထားပါ မရယ် ...
သေချာတာလဲ မဟုတ်သေးဘူး....
အိမ်ရောက်ရင် မ သမီးကို မေးကြည့်ပါအုံး...
သူတို့တွေ တကယ်ချစ်နေကြတာဆိုရင်ရော

မ သမီးသာ သူတကယ်ချစ်တယ်ဆို မ ဘယ်သူကို ဖြစ်ဖြစ် လက်ခံပေးမယ်လို့ တွေးထားခဲ့ပြီးသား ဆု .....ဒါမဲ့ နှင်းဆီမေတော့ မဟုတ်ဘူးလေ
မ ဘယ်လိုလက်ခံပေးရမလဲ
ဘယ်လိုယုံကြည်ပြီးတော့လဲ ဆု .....
အခုလေ မ သမီးအတွက် စိတ်ပူတယ်....
နှင်းရဲ့ ကစားစရာအရုပ်လေးဖြစ်နေတဲ့ မ သမီးကို စိတ်ပူတယ် ဆု......

×××××××××××××××××××××××××××××××××××

'''တိုင်း အိပ်ရာနိုးလာတော့ နေတော်တော်ထွက်နေပြီ ညကတိုင်းဘေးနားမှာ အိပ်တဲ့ မေ ကိုတောင်
မတွေ့တော့´´´´ ..... 

ညက ညက အဖြစ်ကို ပြန်တွေးရင်း တိုင်း တစ်ယောက်ထဲ တစ်ခဏတာ ပြုံးပျော်လိုက်ပေမဲ့ တစ်စုံတစ်ခုကို သတိရကာ ပျော်နေတာကိုရပ်ပြီး စားပွဲပေါ်က ဖုန်းကိုယူကာ
မေ ဆီ ဖုန်းခေါ်လိုက်ရတယ်.......

Time & Rose Where stories live. Discover now