ဒီနေ့ကောင်းကင်ကြီးကအလွန်ကြည်လင်နေသည်ကျွန်တော့်စိတ်ကိုဆန့်ကျင်နေသလား
ထင်ရလောက်အောင်ထိကြည်လင်တောက်ပနေသည်ကားပြတင်းကနေတိုးဝှေ့လာတဲ့လေညှင်းကလဲစိတ်ကိုပိုညစ်ညူးစေသလိုပင်
စိတ်အခြေအနေအရအရာရာဟာစိတ်ရှုတ်စေသလိုပင်ကျွန်တော့ရဲ့သာယာတဲ့နေ့ရက်တွေ
တော့ကုန်ဆုံးတော့မည်ထင်သည်ကားပေါ်
မတက်ခင်အဖေပြောလိုက်တဲ့စကားကို
ပြန်ကြားယောင်မိသည်
"မင်းဦးလေးရွာမှာကျောင်းပိတ်တဲ့သုံးလစလုံးနေနိုင်ရင်မင်းကိုဂျပန်ကိုစာသင်မလွှတ်တော့ဘူး"
အဲ့အဖေကလေကိုယ့်သားနုနုထွတ်ထွတ်လေးကို
တိုင်းတစ်ပါးကိုဇွတ်သွားခိုင်းတယ်မသွားဘူးပြောတော့တောကိုလွှတ်လိုက်တယ်အဖေအရင်းဟုရဲ့လားတွေးမိတယ်
ပြောသာပြောတာကိုယ်ကလဲကျောင်းမှာအမြဲ
ရန်ဖြစ်နေတော့လိုက်ရှင်းပေးရတာမောလာလို့
ဒီလိုအပစ်ပေးနည်းကိုသုံးတာထင်တယ်
ကြည့်ထားပါအဖေရယ်ကျွန်တော်ပြဿနာ
အကြီးကြီးရှာပြမယ်
ဆိုဂျောင်ဟွမ်တို့မိသားစုသည်အဖေတစ်ခုသားတစ်ခုမို့အဖေကအလွန်အလိုလိုက်သော်လည်းဆိုဂျောင်ဟွမ်တစ်ယောက်
အလွန်ဆိုးပါသည်အဖေဖြစ်သူကဒီဘူဆန်မြို့မှာရှိတဲ့တောမကျမြို့မကျရွာလေးကနေမြို့တက်အလုပ်လုပ်ရာမှကြီးပွားလာသူဖြစ်သည်
သူ၏သားလေးကိုလဲသူ့လိုကြိုးစားပြီးလေးနက်တည်ကြည်သူဖြစ်စေချင်သော်လဲမိတဆိုးသားလေးကအလွန်ဆိုးသည်
ဒါပေမဲ့ဆိုဂျောင်ဟွမ်ကလူငယ်သဘာဝအပျော်ပါးမက်ပြီးဆိုးခြင်းသာရိုင်းစိုင်းသောကလေးတော့မဟုချေအလုပ်တစ်ဖက်နဲ့သားကိုမနိုင်
သဖြင့်ဒေါ်လေးရှိတဲ့ဂျပန်သွားပါဆိုလဲမသွားဘူးတဲ့ဂျောင်ဟွမ်အဖေကသူမထိန်းရပြီးရောဆိုပြီးကျောင်းပိတ်ရက်သုံးလကိုသူ့ညီစီလွှတ်လိုက်ခြင်းဖြစ်သည်
"အကိုလေး အကိုလေးရောက်ပြီဗျ"
"ဟမ်ရောက်ပြီလား ငါခနအိပ်ပျော်သွားတာဘဲ"
အိပ်ချင်မူးတူးဖြင့်ကားပေါ်ကဆင်းလာတော့
"အ"
ဦးလေးဖြစ်သူကစီးကြိုစွာဗိုက်ကိုထိုးလိုက်ခြင်းဖြစ်သည်
"အဲ့ဒါမင်းငါ့စီအလည်လာပါဆိုမလာဘဲနဲ့အခုမှပေါ်လာလို့"
"ဟာဗျာနာသွားပြီဗျကျွန်တော်စားချင်တာချက်ကျွေးမှပျောက်တော့မယ်ထင်တယ်"
မနာပေမဲ့သူ့ဦးလေးဂျီဟွန်းကိုဂျောင်ဟွမ်ကပ်ချွဲလိုက်သည်
"ဟားးအေ့ပါကွာဒီဦးလေးကမင်းစားချင်တာတွေဘဲချက်ကျွေးမယ် လာအိမ်ထဲဝင်ရအောင်"
လေးငယ်ကအသက်သုံးဆယ်ကျော်လို့မထင်ရအောင်ထိနုပျိုနေတာအဲ့ဒါကြောင့်သူနဲ့သူငယ်ချင်းပေါင်းသလိုပေါင်းဖြစ်တာ
သူတို့ကလေးငယ်စီမလာဖြစ်ပေမဲ့လေးငယ်ကတော့တစ်နှစ်ကိုနှစ်ခေါက်လောက်တော့သူတို့စီကိုလာတတ်သည်အဲ့ဒါကြောင့်လဲသူနဲ့လေးငယ်ကစိမ်းမနေတာဖြစ်မည်ဘာဘဲဖြစ်ဖြစ်အပေါက်ဆိုးတဲ့ဒေါ်လေးနဲ့ဂျပန်မှာသွားနေရတာထက်စာရင်လေးငယ်နဲ့ဒီလိုရွာမှာနေရပါပိုအဆင်ပြေလိမ့်မည်ဟုထင်သည်
....................................
ဇာတ်လမ်းကအရှိန်ယူနေတုန်းမို့ဘာမှန်းသိသေးမှာတော့မဟုဘူးပထမဆုံးရေးခြင်းမို့အမှားပါရင်နားလည်ပေးကြပါနော်အတတ်နိုင်ဆုံးအကောင်းဆုံးတော့ရေးထားပါတယ်
ဂျီဟွန်းလေးနဲ့ဟျွန်းဆော့တို့အတွဲလေးလဲပါတယ်ရှင့်💓
ESTÁS LEYENDO
Spring days in Busan
Fanfictionစိတ်ကူးပေါ်လာတာလေးကိုရေးချင်ဖြစ်ပါသည် ပညာရှင်မဟုလိုအမှားပါရင်နားလည်ပေးကြပါ ကလေးနှစ်ယောက်ကိုမြတ်နိုးလို့ကိုယ်ကိုတိုင်လဲ ဖတ်ချင်တဲ့Ficအမျိုးစားလေးမို့ပါ နေရာတွေပုံစံတွေကစိတ်ကူးယဥ်သတ်သတ်ပါဘဲအပြင်မှာတကယ်မရှိပါဘူး
