ဝိုင်(၄)

40.5K 2.4K 103
                                    

Unicode

"ခင်ဗျား ကျုပ်ကို လက်ထပ်ရမယ်"

"ခွေးမသား ငါ့သားကိုမထိနဲ့ လွှတ်စမ်းကွာ ငါ့ကို လွှတ်လို့ ငါ ိုးမသား"

"သားကိုဘာမှမလုပ်ပါနဲ့ ဒေါ်ဒေါ်တို့ကိုကြိုက်သလိုလုပ်ပါ ဟင့် နော် သားရယ် တောင်းပန်ပါတယ်ကွယ်"

"ဟာ... နားငြီးလိုက်တာကွာ "

နားတစ်ဖက်ကို လက်သန်းနဲ့ကလော်ထုတ်ရင်း ဇေယျာ့ကိုထိုလင်မယား၂ယောက်အားခေါ်ထုတ်သွားဖို့အချက်ပြလိုက်သည်။နေနှင့်ကြဦးပေါ့ ထောင်ထဲမှာ။ ဖမ်းချုပ်ပြီးခေါ်သွားတဲ့ မိဘဖြစ်သူကိုမြင်သည့် ပန်းခိုက်ဦး မှာ ဖမ်းချုပ်ထားသည့်သူ့လက်ထံမှ ရုန်းကာ သူ့လူများကိုတားသည်။

"မလုပ်ပါနဲ့ ဖေဖေနဲ့မေမေ့ကိုဘယ်မှခေါ်မသွားပါနဲ့ မောင် မောင် ငါတောင်းပန်ပါတယ်အဲ့လိုမလုပ်ပါနဲ့ မင်းကျေနပ်တဲ့ထိငါဘာမဆိုလုပ်ပေးပါ့မယ် ဖေဖေနဲ့မေမေ့ကို လွှတ် လွှတ်လိုက်ပါ နော်"

"ဒီမှာ ကျုပ်ကျေနပ်တဲ့ထိလုပ်ပစ်မယ်ဆို ခင်ဗျားတို့မိသားစု အသက်ရှင်မှာတောင်မဟုတ်ဘူး ခင်ဗျားသောက်ပေါက်ပိတ်ထား ခင်ဗျားငြိမ်ငြိမ်နေ မဟုတ်ရင် ကျုပ်ခင်ဗျားမိဘတွေအသက်အာမ မခံဘူး လာစမ်း "

"မင်း!"

သူခြေလှမ်းကျဲများဖြင့် ပန်းခိုက်ဦး ဆီသွားကာ ဖမ်းချုပ်လိုက်သည်။ထို့နောက်ဇေယျာတို့ကိုသွားဖို့အချက်ပြလိုက်သည်။ စံအိမ်ထဲတွင် သူနဲ့ ပန်းခိုက်ဦး သာကျန်ခဲ့သည်။အနေအထားကတော့သူက ပန်းခိုက်ဦးကို အနောက်ကနေ အားဖြင့်ဖက်ထားသည်။ ပန်းခိုက်ဦးကတော့သူ့လက်ထဲမှာရုန်းနေသည်။ခဏကြာတော့မောသွားသည်ထင် ငြိမ်သွားသော ကိုယ်ခန္ဓာကြောင့်သူလွှတ်ပေးလိုက်တော့

ဖြန်း

ရုတ်တရက်ဆန်စွာပါးရိုက်ခံလိုက်ရတာကြောင့် ထွက်နေတဲ့ဒေါသတို့က အဆမတန် မြင့်တက်လာပါတော့သည်။ခင်ဗျားကအလျော့ပေးလို့အကောင်းမှတ်နေတာ။

"ခင်ဗျား"

ဖြန်း

သူဘာမှမတုန့်ပြန်ရသေးခင် ပါးကနှစ်ချက်ဆင့်ထပ်ရိုက်ခံနေရပြီ။ဒေါသကိုဆွနေတာ။နီရဲလာတဲ့မျက်လုံး အံကြိတ်ထားတဲ့ပါးစောင်တို့ကဒေါသစိတ်မွှန်နေမှန်းအသိအသာ။ခပ်ကြမ်းကြမ်းဖြင့်  ပန်းခိုက်ဦး ဆံပင်ကိုဆွဲဆောင့်ကာ

နှင်းဆီထက်ကဆူးခက်ဝိုင်[Completed]Where stories live. Discover now