မမမြိုင်ဆီသို့

3.1K 306 14
                                    

သီရိမြိုင်စံအိမ်တော်ရှိ ဧည့်ခန်းထဲ၌ မမမြိုင်နှင့်အတူတူ မိုရာညိမ်းလည်း ထိုင်နေကြသည် ။ မိုရာညိမ်းကတော့ ကြမ်းပြင်ပေါ်မှာသာ အားရပါးရထိုင်ရင်း ခုံပေါ်တင်စာရေးနေချိန် မမမြိုင်ကတော့ သတင်းစာရှိ သတင်းများကို စိတ်ဝင်တစားဖတ်နေလေတော့သည် ။

" အင်းအင်း ။ ဒီနေရာမှာ ဒီဇာတ်ကွက်သာ ထည့်လိုက်ရင် မမမြိုင်နဲ့ညိုလေးတို့ နီးစပ်ဖို့ 70% လောက် ကျိန်းသေပြီ ။ ဟေဟေး ။ အကြံကြီးလိုက်ကြီးလား မိုရာညိမ်းရဲ့ ။ ဦးနှောက်လေးကို ရွှေသုတ်ထားရမှာပဲ ။ "

မမမြိုင်ဟာ မိုရာညိမ်းရဲ့စကားသံများကို တစ်စွန်းတစ်ဖျားကြားရပေမယ့် ဘာအကြောင်းအရာကို ပြောနေမှန်းဆိုတာ သူမ မသိပါ ။ ဒါ့ကြောင့် ခန္ဓာကိုယ်အားအသာမတ်လို့ မိုရာညိမ်းကို လှမ်းမေးရှာသည် ။

" မိမိုရာ ။ "

" ရှင် မမမြိုင် ။ "

" ဘာတွေသဘောကျနေတာလဲ ။ "

" သြော်ဟော် ။ ဒီမှာလေ မမမြိုင်ရဲ့ ။ မမမြိုင်နဲ့ ညိုလေးတို့ မြန်မြန်နီးစပ်ဖို့အရေးအတွက် ကျွန်မ ဇာတ်ကွက်ထုတ်ပြီး စဉ်းစားနေတာ ။ ဦးနှောက်ကို ရွှေသုတ်ထားသင့်တယ် မမမြိုင် ။ "

" ညည်းနှယ့် ။ သိပ်ရှည်တာပဲ ။ ပြောတဲ့အတိုင်းသာ ရေးစမ်းပါ ။ "

" ဟာ ။ မမမြိုင် ပြောတဲ့အတိုင်းသာ ရေးနေရင်း မမမြိုင်နဲ့ညိုလေးတို့ ဘယ်တော့ညားမှာလဲ ။ ကျွန်မမှာ ' ညိုလေးမြိုင် ' ဆိုတဲ့ ship name လေးတောင် ပေးထားတာကို ။ ကျွန်မတင် မဟုတ်ဘူး ။ စာဖတ်သူတွေပါ ညိုလေးမြိုင်ကို ညားစေချင်နေပြီ ။ အဲ့တာကို သိရဲ့လား ။ "

" ညည်းက ဇာတ်လမ်းကိုဖတ်ချင်တာလား ။ ဇာတ်ကောင်ကို ကြူးချင်တာလား ။ "

" နှစ်ခုလုံးလေ မမမြိုင်ကလည်း ။ "

" ဇာတ်လမ်းကောင်းမှ ဇာတ်ကောင်ကို နှာထလို့ကောင်းမှာပေါ့ ။ ဒီမှာ မိမိုရာ ။ "

" ပြောပါလို့ ။ "

" ဇာတ်ကောင်က ဘယ်လောက်ပဲ နှာထလို့ကောင်းနေပါစေ ။ ဇာတ်လမ်းမကောင်းရင် ငပေါပဲ ။ ငါပြောတဲ့အတိုင်း ရေးတာဟာ ညည်းအတွက် ဇာတ်လမ်းခိုင်ရုံသာမက အကောင်းချည်းပဲ ဖြစ်လာမှာ ။ အချိန်တန်ရင် လာမှာပေါ့ ။ ညည်းက ဘာဖြစ်ချင်နေတာလဲ ။ တဏှာစိတ်ငယ်ထိပ် ရောက်နေပလား ။ "

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now