49

17.1K 2.5K 109
                                    

Unicode


ရှီယွင်နန် ကုတင်အစွန်းမှာထိုင်ကာ လော့လင်းရှန်းအား စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက သေချာစဉ်းစားပြီးနောက် သူကပဲ အရင်စပြောလိုက်လေသည်။ "လော့လင်ရှန်း ကျွန်တော် ခင်ဗျားကို စိတ်ဆိုးနေတာမဟုတ်ပါဘူး။ ဒီတိုင်း...."

"ဒီတိုင်း?"

ရှီယွင်နန် ခဏရပ်ပြီး သူ့စိတ်ထဲမှာ ရှိနေတဲ့ အစိုင်အခဲအားလုံးကို ထုတ်ပြောလိုက်သည်။ "ကြုံရာလူတစ်ယောက်က ကျွန်တော့ထက် ခင်ဗျားကို ပိုသိနေပြီး၊ ခင်ဗျားရဲ့ ခံစားချက်အမူအယာတွေကိုလည်း ကျွန်တော့ထက် ပိုဆွဲထုတ်နိုင်နေတယ်လို့ ခံစားလိုက်ရလို့ပါ။"

လော့လင်းရှန်းက ဝီးချဲလ်ပေါ်မှာတင်ထားတဲ့ သူ့လက်ကို အားသုံးကာထောက်လိုက်ပြီး သူ့ကိုယ်သူ ကုတင်အစွန်းနားသို့ ရွှေ့ရန် ပြင်လိုက်သည်။

ဒါကိုမြင်တော့ ရှီယွင်နန်မှာ သူ့ မသိစိတ်ကြောင့်  သူ့ လက်ကောက်ဝတ်လေးကို လှမ်းဆွဲလိုက်၏။

"သတိထားလေ။"

နောက်တစက္ကန့်မှာပဲ၊ လော့လင်းရှန်းက သူ့အနားတွင် သေသေချာချာထိုင်ကာ သူ့လက်ဖဝါးလေးကို အမြန်ဆုပ်ကိုင်လိုက်သည်။

"...ယွင်နန်"

"ဟမ်?"

လော့လင်းရှန်း ခဏလောက်စဉ်းစားပြီးနောက် ပြဿနာကို တစ်ဆင့်ချင်းစီ ဖြေရှင်းသင့်တယ်လို့ တွေးလိုက်မိ၏။ "ယွီရှော့အမေက ငယ်ငယ်တုန်းကဆို အင်ပါယာမြို့တော်မှာ နာမည်ကြီးတဲ့ အမျိုးသမီးတစ်ယောက်။ နောက်တော့ ဟိုင်မြို့တော့က ပွဲတစ်ခုလာတက်ရင်း လက်ရှိအကြီးအကဲ ယွီရူရင်နဲ့ တွေ့ဆုံခဲ့တယ်။"

ထိုသူမှာ ယွီရှော့အဖေပင်။

ယွမ်ရူရင်နှင့် သူ့ပထမဇနီးမယားကြားက အိမ်ထောင်ရေးမှာ၊ နာမည်အရဖြစ်ပြီး၊ နောက်ပိုင်းတွင် ထိုဇနီးက ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့သလို၊ အနည်းငယ် ရူးသွပ်သွားသလိုစိတ်ပိုင်းဆိုင်ရာအရ တပါးသူပေါ် သံသယလွန်ကဲလာတော့သည်။

ယွီရှော့ရဲ့ မိဘများမှာ ထိုကဲ့သို့အခြေအနေမျိုးတွင် ဆက်ဆံရေးရှိခဲ့ကြပြီး ယွီရှော့အမေမှာ နောက်ဆုံးတွင် မမျှော်လင့်ပဲ ကိုယ်ဝန်ရလာခဲ့သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now