အခန်း(၅၈)

1.1K 198 0
                                    

    <တံခွန်တိမ်တိုက်ဂိုဏ်းသို့အပြန်ခရီး>

မြောက်ပိုင်း နင်ပြည်ထောင်တွင် ဝိဥာဥ်ပျိုးစ ကျင့်ကြံသူများ အလွန် ရှားပါးသော်လည်း သူတို့ အားလုံးကို စုပေါင်းလိုက်လျှင်တော့ လက်တစ်စုံစာခန့် ရှိကြသည်။၎င်းထက် အ
တန်ငယ် ပိုများနိုင်ချေလည်း ရှိ၏။ထို့အပြင် ယခုအချိန်၌ အခြား နယ်ပယ်အသီးသီးမှ ရောက်လာသော ဝိဥာဥ်ပျိုးစကျင့်ကြံသူများနှင့် အတူတကွ ရေတွက်ကြည့်ကာမူ အယော
က် (၂၀)ခန့် ရှိပေမည်။

ဤဝိဥာဥ်ပျိုးစ ကျင့်ကြံသူများထဲတွင် ချူလျန့်ကို ဒေါသအကြီးဆုံးဟု မှတ်ယူကြသ
ည်။သို့ဖြစ်ရာ အရိပ်နတ်ဆိုးအနေဖြင့် အခြားသော ဝိဥာဥ်ပျိုးစ ကျင့်ကြံသူများနှင့် ပက်ပ
င်းမတိုးမိအောင် ရှောင်ပြေးနိုင်ခဲ့သော်လည်း ချူလျန့်လိုလူစားမျိုးနှင့် တိုက်တိုက်ဆိုင်ဆိုင် လာတွေ့ခြင်းကတော့ ကံဆိုးခြင်းထက်ပင် အဆိုးတကာ့ အဆိုးဆုံးအခြေအနေဟု သတ်
မှတ်ရလိမ့်မည်။

"အကောင်သေးတိုင်း လွှတ်ပေးလို့ဖြစ်တာ မဟုတ်ဘူး"

ချူလျန်က စက်ဆုပ်သော အမူအရာဖြင့် ခပ်မဲ့မဲ့ပြုံးလျက် အရိပ်နတ်ဆိုးကို ဆုပ်ကိုင်ထားသည့် လက်ငါးချောင်းအား ဖိညှစ်လိုက်လေသည်။

အစပိုင်းတွင် အရိပ်နတ်ဆိုးသည် အသည်းအ
သန် ရုန်းကန်ပြီး အော်သံက တစ်ဖက်လူကို နားစည်ကွဲသွားစေလုမတတ် စူးရှကျယ်လော
င်နေသေး၏။ယခုတွင်မူ ဖိညှစ်ခံလိုက်ရစဥ်၌ လည်မျိုကို ရိုက်ချလိုက်သည့်အလား အော်
သံပါ ရပ်သွားပြီး ရုန်းကန်နေရာမှ တဖြည်း
ဖြည်း ငြိမ်ကျသွားခဲ့သည်။အဆုံးတွင် တုန်ယ
င်နေယုံမျှသာ တတ်နိုင်တော့သည်။ချူလျန့် ခွန်အားများ တိုးလာသည်နှင့်အမျှ နတ်ဆိုး၏ တုန်ယင်မှုက ပိုသိသာလာပြီး ခန္ဓာကိုယ်အ
ရောင်လည်း မှိန်ဖျော့သွားလေသည်။

အရောင်အသွေး လုံးဝ မရှိတော့သည့် အခြေ
အနေသို့ ရောက်သွားပါက ဝိဥာဥ်ကွဲထွက်ပြီး သေဆုံးသွားပေမည်။

"ရှစ်ဖူ"

ဝမ်ရွှမ် ဆက်မကြည့်နိုင်တော့ဘဲ စကားဝင်ပြောရန် ကြိုးစားလိုက်သည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now