အခန်း (၂)

14.3K 368 11
                                    

"ကဲပါ မဟာရာ ပြဿနာကိုကြီးချင်မနေပါနဲ့....လက်မှတ်ထိုးပေးဖို့ပဲမလား အကျယ်အကျယ်ဖြစ်ကုန်ရင် မင်းအတွက်လဲမကောင်းဘူး"
"ဒါပေမယ့် ငါလက်မှတ်ထိုးလိုက်ရင် သူနဲ့ တရားဝင်ဖြစ်သွားမှာကွ"
"အဲ့တာ နောက်မှ အေးဆေးဖြေရှင်းလို့ရတာပဲ အိမ်ပြန်ရောက်မှ ကွဲတာဖြစ်ဖြစ်ပေါ့"
"ဧကရီကရော ဒါနဲ့ဧကရီကော"
"ခုတော့ ခနစိတ်ဆိုးနေမှာပေါ့ ခုတော့ပြန်သွားတယ် မင်းသိန်းလိုက်ပို့လိုက်တယ် ငါပြောမယ်သားကြီး ခုမင်းက သူတို့နယ်ထဲမှာ အေးဆေးပြန်ရဖို့က အရေးကြီးတယ်"
မဟာ စိတ်ပျက်လက်ပျက်နဲ့ ဘေးက ထိုင်နေတဲ့မိန်းကလေးကိုကြည့်လိုက်တော့ တုတ်တုတ်တောင်မလှုပ်။ အနဲဆုံး ဘာမှမဖြစ်ခဲ့တာ သူက ထရှင်းပေးရင် ဒီလောက်ထိအခြေနေက ဆိုးသွားမှာမဟုတ်ဘူးလို့ မဟာယုံကြည်တယ်။ ဒါပေမယ့် သူမဘက်က ဘာငြင်းဆိုမှုမှ ထွက်မလာတော့ အရာရာအတွက် ဒေါသတွေအပြစ်တွေကို သူမအပေါ်ပဲပုံချမိတာ မဟာလွန်တယ်လို့မထင်မိ။
တာရာ သူတို့ဘေးမှာ ကျိတ်ကျိတ် ကျိတ်ကျိတ်နဲ့ပြောနေတာတွေသေချာကြားပါတယ်။ မကြားချင်ယောင်သာဆောင်နေရတာ စိတ်ထဲတော့ ဝမ်းနည်းမိသယောင်။ ဆရာမကြီးပြောတဲ့ သူတို့ဂေဟာကိုနာမည်မပျက်စေချင်ဘူးဆိုတဲ့စကားကြောင့်သာ သူနဲ့ လက်မှတ်ထိုးဖို့ သဘောတူလိုက်ရတာ။ ငယ်ငယ်ထဲက ဒီဂေဟာမှာကြီးပျင်းလာတဲ့ တာရာ့အဖို့ ဆရာမကြီးရဲ့ တောင်းပန်မှုကော အမိန့်ကောပါနေတဲ့စကားကို ဘယ်လိုလုပ်ငြင်းဆန်နိုင်မလဲ။ ကိုယ့်စိတ်နဲ့ကိုယ်ဆို ကိုယ်နဲ့တခါမှမသိ မတွေ့ဖူးတဲ့အပြင် သက်ဆိုင်သူမိန်းကလေးပါရှိနေတဲ့သူကို ဘယ်လိုလုပ် လက်ထပ်ချင်ပါ့မလဲ။ အရာရာက တာရာ တက္ကသိုလ်တက်တော့မှာဆိုပီး ဆရာမကြီးကို လာနုတ်ဆက်လိုက်တာကပဲအမှားဖြစ်သွားတယ်။
"ကဲ ရှေ့နေလဲရောက်ပီဆိုတော့ တခါထဲ လက်မှတ်ထိုးလိုက်ကြတော့"
ပြောပြောဆိုဆိုနဲ့ဝင်လာတဲ့ ဆရာမကြီးနဲ့ ရှေ့နေဆိုတဲ့သူ မဟာတို့ရှေ့က စားပွဲတဖက်မှာဝင်ထိုင်တော့ မဟာ့စိတ်ထဲ တကယ့် တရားခွင်မှာ လွတ်လမ်းမရှိတဲ့ အမိန့်ကိုစောင့်နေရသလိုမျိုး မွန်းကြပ်နေတယ်။
ရှေ့ကိုလှမ်းပေးတဲ့ စာချုပ်ကိုကြည့်လိုက်တော့
"ဟင်...."
မဟာ အသံပင်ထွက်တဲ့ထိ အံ့သြသွားမိတယ်။ အံ့သြဆို ဘေးက ငမျောက်ငခြောက်က ခုမှ ၁၇ နှစ်ဆိုပါလား.....နောက်ဆုံးတော့ ဝေယံ ရဲ့ ဖြေသိမ့်မှုတွေကြောင့်ပဲ လက်မှတ်ထိုးခြင်း အထမြောက်ခဲ့လေသည်ပေါ့။
"မောင်နေမင်းမဟာတို့ အေးဆေးအနားယူ....."
"ကျတော်တို့ ခုပဲ ပြန်တော့မှာ"
ဆရာမကြီးစကားပဲမဆုံးသေးထပြောလိုက်တဲ့ သူ့ကြောင့် တာရာလဲ ရုတ်တရက် ဘာလုပ်ရမှန်းမသိ....ထိုစဥ် သူမဘက်လှည့်ပီး ပြောလာတဲ့ တိုတိုတုတ်တုတ် သူ့စကားကြောင့်
"မင်း အထုတ်တွေ ကားပေါ်တင် ပြန်မယ်"
ဒါဆို တာရာလဲ သူနဲ့ လိုက်သွားရမှာပေါ့။ အဲ့တာမှ အကြီးကြီး ရှော့ရသွားပီ ခုမှမြင်ဖူးတဲ့သူကို ခုပဲ ယူလိုက်ရပီး သူနဲ့ ဘယ်မှန်းမသိလိုက်ရမယ်ဆိုတော့
"ကဲ သမီး သွားဖို့ပြင်ဆင်တော့ စိတ်မပူပါနဲ့ မောင်နေမင်းမဟာတို့က လူကောင်းတွေပါ သမီးဘဝအေးချမ်းမှာပါ"
"သွားလေ အထုတ်သွားယူလေ"
"ဟင် အင်း အင်း"
မဟာနဲနဲလေး လေသံမာမာနဲ့ အော်လိုက်မှ ငတိမက လှစ်ခနဲပြေးထွက်သွား၏။ မဟာမကြိုက်ဆုံးက လူလည်မတွေပဲ ထို့ထက်မကြိုက်ဆုံးကတော့ ရိုးသလို အ သလိုဟန်ဆောင်ပီး ခုလိုလူလည်ကျတတ်တဲ့သူတွေပဲ
"တာရာ့ကိုလဲ မောင်နေမင်းမဟာကိုအပ်ပါတယ် သေချာလေးစောင့်ရှောက်ပေးပါ ကလေးမလေးက ရိုးရှာပါတယ်ကွယ်"
(ဟင်း....ရိုးလို့သာတော်တော့တာပေါ့ သူဌေးသားတောင်မဟုတ် သူဌေးကို ဘယ်လိုရ​အောင်ယူရမလဲ သိနေတာ)
မဟာ့စိတ်ထဲကျိတ်ပြောမိသည်ဖြစ်၍ အပြင်မှာတော့ အင်း မလုပ် အဲ မလုပ် ခေါင်းပင်ငြိမ့်မပြခဲ့။ မဟာ့ plan ကား ဒီလောက် ချမ်းသာဖို့ ဖြတ်လမ်းကလိုက်ချင်တဲ့သူမကို ကောင်းကောင်းပညာပေးဖို့ပဲ ဖြစ်သည်။

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now