CH 60

3.2K 468 20
                                    

ရှဲ့ဟယ် ဆန်ပြုတ်သောက်နေတာကို ချူရှင်း တိတ်တဆိတ်ကြည့်နေခဲ့ပြီး ကုန်သွားတော့မှသာ ပန်းကန်ကို လှမ်းယူလိုက်တယ်.....

သူနဲ့ ဒီဘုရင်ဆိုးလေး ကြားမှာ အကွာအဝေးတစ်ခု ထားသင့်ပြီလို့လဲ ထင်နေမိ​မေယ့်လဲ သူ သည်းမခံနိုင်တော့ဘူး.........သူ အမိန့်ပေးထားတဲ့အတွက် နေ့လည်စာနဲ့ ညစာကို နန်းတွင်းအစေခံတွေ ပို့ပေးကြပေမယ့်လည်း ဆေးလိမ်းဖို့အတွက်ကျတော့ ရှဲ့ဟယ်ကို ဘယ်သူမှ မထိစေချင်တာကြောင့် သူကိုယ်တိုင်ပဲ ဆေးလိမ်းပေးခဲ့တယ်.....

ဘုရင်ဆိုးလေးက သူ့ဘေးမှာ လှဲလျောင်းနေပြီး သူဖက်ထားတဲ့ကြားကနေ အိပ်နေရင်းနဲ့ မျက်မှောင်ကြုံ့နေတယ်.....

သူ့ကို ကျောပေး အိပ်စက်နေတဲ့ ဘုရင်ဆိုးလေးကို ချုရှင်း ရင်ခွင်တဲ့ ဆွဲသွင်းလိုက်တော့ အစပိုင်းမှာ ရုန်းကန်နေပေမယ့် နိုးလာတဲ့အခါ ငြိမ်ကျသွားပြန်ရော.....ဒီလို ရှားရှားပါးပါး နာခံနေတာလေးကို မြင်တော့ ချူရှင်းရဲ့ စိတ်တွေ ပျော့ပြောင်းသွားပြန်တယ်....ချူရှင်း မြန်မြန်ဆေးထည့်ပေးပြီး ဘုရင်ဆိုးလေးကို လွှတ်ပေးလိုက်တယ်.....

ဒီအချိန်မှာ ချုရှင်း ဘုရင်ဆိုးလေးနဲ့ မကစားနိုင်သေးဘူး....ရိုးရိုးသားသား ဆေးထည့်ပေးရုံလေးပါပဲ......သို့ပေမယ့်လည်း ဘုရင်ဆိုးလေးကတော့ သူ့ရဲ့ကြင်နာမှုတွေကို တန်ဖိုးမထားခဲ့ဘူး......အနားမှာ ဘယ်သူ့ကိုမှ မမြင်ချင်ပေမယ့်လည်း နောက်ဆုံးမှာ ဒီသစ္စာဖောက် ကိုပဲ မြင်မြင်နေရတယ်....သနားနေလို့သာ အခုလိုညင်ညင်သာသာ ဆက်ဆံနေတယ်.....ဒီညစ်နွမ်းနေတဲ့ ခန္ဓာကိုယ်ကို ရက်ရက်စက်စက် ညှင်းပန်နှိပ်စက်ခဲ့တာတွေကို သနားနေတာလေ....ဒါဟာ ညှင်းပန်းနှိပ်စက်မှုဆိုရင်တောင် သာယာမှုကို ပေးစွမ်းနေသေးတယ်လေ.....

လူတွေသူ့ကို အခုလို လှောင်ပြောင်ကဲ့ရဲ့နေတာထက်စာရင် အရင်လို စက်ဆုပ်မုန်းတီးနေတာကမှ ပိုကောင်းဉီးမယ်......

ရှဲ့ဟယ်ရဲ့ နှုတ်ခမ်းဖျားတွေ တဆတ်ဆတ်တုန်ရီလာပြီး အလွန်အမင်း နာကျင်နေသော အသံတစ်ခု ထွက်ကျလာလေတယ်.......

" ကိုယ်တော် မင်းကို သတ်မှာ...."

ဘုရင်လေးရဲ့နှုတ်ကနေ ဒီစကားမျိုးကြားရတာ ချူရှင်း အတွက်တော့ အခေါက်ပေါင်းမရေနိူင်တော့ဘူး.....စစချင်းတုန်းကတော့ ဒေါသထွက်ခဲ့ပေမယ့် ကြာလာတော့လဲသနားလာတဲ့အတွက် မကြားချင်ယောင်ဆောင်နေလိုက်တော့တယ်.....ဒီဘုရင်ဆိုးလေးရဲ့ အမူအရာကို ကြည့်နေရင်းကနေ ဒီလိုတွေပြောနေတာ အသုံးမဝင်မှန်း သူ ( ရှဲ့ဟယ်)သိနေမှန်း သတိပြုလိုက်မိတယ်....ဒါပေမယ့်လဲ အခုလို ပြောနေခြင်းကသည်သာလျှင် ဘုရင်ဆိုးလေးရဲ့ အမျက်ဒေါသတွေ နာကျည်းခြင်းတွေကို ဖွင့်ထုတ်နိူင်တဲ့ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်နေတယ်လေ....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now