ဝိုင်(၈)

36.2K 2.2K 32
                                    

Unicode

"အား sh*t ပူတာကွာ"

သူမှ ဟင်းမချက်ရင်တစ်သက်လုံး အပြင်စာနဲ့ညားဖို့သာ အစီစဥ်ရှိမဲ့ပုံမို့ အပြင်စာတွေဘဲစားရင်လည်း ကျန်းမာရေးအတွက်မကောင်းပေ။ သူတို့၂ယောက်စကားမပြောသည်မှာလည်း မနေ့ညကတည်းကခုထိပင်။အစကတည်းက ကိုယ့်ကိုအမြင်မကြည်တဲ့သူမို့  မောင် မှားမှား မမှားမှား စကားမပြောဘဲမနေနိုင်တဲ့ကိုယ့်ဘက်ကဘဲ စတင်ရမည်။ အဲ့တာကြောင့် သူ့မှာ you tubeထဲဝင်ပြီး မလုပ်တတ်လုပ်တတ်ဖြင့် ချက်နည်းများကြည့်၍ ချက်နေရသည်။ မီးဖိုချောင်ဆိုတဲ့အရာက မွေးကတည်းကမအပ်စပ်ခဲ့သလို ပထမဆုံးဝင်ဖူးခြင်းမို့ ခက်ခဲပါသည်။ မိဘတွေကပိုးမွေးသလိုမွေးထား၍ အခုပုံကိုသာ မြင်ကြည့် သွေးတက်နေလောက်မှာ။မောင့်စိတ်ခြေနေကို သိတာကြောင့် စိတ်အခြေနေကောင်းတဲ့နေ့မှ ဖေဖေတို့ကိုတွေ့ချင်ကြောင်းပြောရမယ်။

အခုလောလောဆယ် မောင် ငယ်ငယ်ကတည်းကကြိုက်တဲ့ ငါးအသားလုံးကြော်ကို ကြော်နေခြင်းပင်။မောင်ကြိုက်ဖို့တော့ မျှော်လင့်ရတာပဲ။ ဆီပူလောင်မှာ တော်တော်ကြောက်တယ်။ အခုကို ဘိုးတော်ခေတ်က သိုင်းကွက်တွေထုတ်သုံးပြီး ရှောင်နေတာတောင် လာစင်တာပဲ။ဘာဘဲဖြစ်ဖြစ် မောင့်အတွက်လုပ်ရတာ ဒီလောက်ကတော့ မပြောပလောက်ပါဘူး။
ကြော်​နေသော ငါးအသားလုံးကြော်ကလည်း ကျက်နေပြီမို့ ဂတ်စ်မီးပိတ်လိုက်သည်။ ဖုန်တတ်နေသောသုံးဆင့်ချိုင့်လေးကို ယူကာဆေးလိုက်တယ်။
မောင်ကအပြင်မှာဘဲ စားတာထင်တယ်။ အင်းပေါ့လေ ချက်ကျွေးမဲ့သူမှမရှိတာ။တစ်ယောက်ထဲနေရတာ ကြိုက်တတ်သူဆိုတော့ အိမ်မှာအလုပ်သမားသိပ်များများစားစားမထားဘူး၊အလုပ်သမားဆိုလို့ ခြံစောင့်ဘိုးဘိုးဘဲရှိတယ်။

ဒီနေ့ကစပြီး သူဟင်းချက်တတ်အောင် လေ့ကျင့်ရမယ်။ ကျွန်တော် ချက်တဲ့ဟင်းလေးနဲ့ မောင်စားတာလေးကို ကြည်ကြည်နူးနူးထိုင်ငေးကြည့်ချင်သေးတာ။ဒါပေမဲ့ သူ့မှာအဲ့လိုထိုင်ငေးဖို့အခွင့်အရေးတောင်ရှိပါ့မလား။ချိုင့်လေးကိုဖွင့်ကာ ချိုင့်ထဲကို အနည်းငယ်ပျော့နေတဲ့ထမင်းလေးရယ်။ မောင်ကြိုက်တဲ့ ငါးအသားလုံးကြော်ရယ်။ နောက်ဆုံးအဆင့်မှာတော့ ခြောက်ကပ်ကပ်မစားတတ်တဲ့မောင့်ကြောင့် ချဥ်ရည်ဟင်းလေးခပ်ထည့်လိုက်သည်။ဘဝမှာပထမဦးဆုံး ချက်ဖူးတဲ့ဟင်းပွဲလေးပေါ့။

နှင်းဆီထက်ကဆူးခက်ဝိုင်[Completed]Where stories live. Discover now