{48}

4.9K 875 37
                                    

Unicode

ယွီအန်းယီတစ်ယောက်ပါးစပ်အပြည့်သောက်ထားတာတွေကိုပြန်ထွေးထုတ်မိလုနီးပါးပင်။သူမအမူအရာကိုမြင်တော့ လျန်ကျင်းရှင်ကမေးလာသည်။

"မဟုတ်လို့လား"

"ဟင့်အင်း ဟင့်အင်း"

ကျိချင်းကျိုးဘက်က လျှို့ဝှက်ထားချင်တယ်လို့ ခံစားမိသဖြင့် သူမ ခေါင်းခါလိုက်သည်။

"အမှန်ပဲ။ကျိုးချန်ဖုန်းပြောပြလိမ့်မယ်လို့မထင်ထားလို့ပါ"

သူမစကားတွေကအရမ်းသံသယဖြစ်စရာကောင်းနေ၍ လျန်ကျင်းရှင်က ခေါင်းစောင်းပြီး စိုက်ကြည့်ပေးလိုက်သည်။

ယွီအန်းယီကမူ သူကိုမျက်လုံးမှိတ်ပြ၍ ရိုရိုကျိုးကျိုးလေးပြောလာသည်။

"အသီးအရွက်တွေစားလေ"

စားပြီးသောက်ပြီးနောက် ယွီအန်းယီက သူတို့သုံးယောက်အတူတူထိုင်နေတဲ့ပုံကို ဓာတ်ပုံရိုက်ပြီး ဖုန်းပြန်သိမ်းလိုက်သည်။

"ရိုက်ကူးရေးပြီးရင် Weiboမှာ postတင်မို့"

သူမက ကျိချင်းကျိုးဘက်ကြည့်ကာ--

"forwardလုပ်ဖို့မမေ့နဲ့နော်"

ကျိချင်းကျိုး ခေါင်းညိမ့်လိုက်သည်။

"ကိုယ်ကရော"

လျန်ကျင်းရှင်က မေးလာသည်။

"ကိုယ်ပါလုပ်ရမှာလား"

"ဖြစ်နိုင်ရင် retweet တောင်မလုပ်ပါနဲ့...ရှင်retweetတာနဲ့ cp fanတွေပေါက်ကွဲကုန်မယ်"

လျန်ကျင်းရှင် : .........

"ဒါပေမယ့်..."

ယွီအန်းယီတစ်ယောက် စဉ်းစားလိုက်သည်။

"ရှင်retweetမလုပ်ရင် ကျွန်မက နောက်ကွယ်မှာ post ခိုးတင်သလိုကြီးဖြစ်မနေဘူးလား။ဒါဆိုရှက်စရာကြီးနော့"

လျန်ကျင်းရှင်က သဘောတူသလိုအသံပြုလိုက်သည်။

ယွီအန်းယီက စားပွဲခုံအား ပုတ်လိုက်ကာ---

" ဒီလိုလုပ်ကြရအောင်..."

သူမက ဖုန်းပြန်ထုတ်ကာ ကျိချင်းကျိုးကိုပြောလာသည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now