52.2

12.7K 2.3K 36
                                    

Unicode

ယွမ်ရွေ့ သူ့သူငယ်ချင်းနောက် အမြန်လိုက်မှီသွားပြီး သူ့ပုခုံးပေါ် လက်တင်လိုက်ကာ"ယွင်နန်၊ ငါမင်းအတွက် လျှို့ဝှက်ထားပေးမယ်!"

သူကပြုံးကာ ရယ်မောနေ၏။ သူက အမြဲစိုးရိမ်နေပြီး၊ ဒီလိုနောက်ပြောင်တာမျိုး ရှားတာကြောင့်

ရှီယွင်နန် မေးလိုက်မိသည်။ "ဘာလျှို့ဝှက်ချက်လဲ?"

"မင်း ခုနက ကုကျွယ်နဲ့ အရမ်းနီးကပ်နေတာလေ။ မစ္စတာလော့သာ သိရင် သဝန်တိုမှာ မလား?"

ရှီယွင်နန်မှာ ရယ်ရမလား ငိုရမလားမသိတော့။ "သူ့ရှေ့မှာ ပေါက်ကရတွေမပြောနဲ့။"

ယွမ်ရွေ့က သူ့ရင်ဘတ်သူပုတ်ကာ စိတ်ချလက်ချနေရန် ပြောလာသည်။ "ငါသိပါတယ်ကွ။ ငါကအမြဲ မင်းဘက်က! မင်းတို့ ဆက်ဆံရေးအဆင်မပြေရင် ငါ့အလုပ်ကို ထိခိုက်မှာစိုးရိမ်တယ်။"

"ယွမ်ရွေ့၊ လစ်စမ်း။"

...

နှစ်ယောက်သား ထိုင်ရာနေရာပြန်ရောက်သောအခါ လေလံပွဲရဲ့ ဒုတိယပိုင်းက စတင်နေလေပြီ။

ခန်းမကြီးရဲ့ လေထုမှာ အရမ်းစိတ်အားပြင်းပြနေကြသည်။ နံပါတ် 18 လက်ရာကို 7.6 သန်းဖြင့် လေလံတင်ရောင်းချခဲ့၏။ ယနေ့အတွက် အမြင့်ဆုံးစျေးပင်။

လေလံပွဲက လာမည့် "Xဒီဇိုင်း" လက်ရာများအား ပြသရန်၊ လေလံပွဲရဲ့ ညနေခင်းနောက်ဆုံးအစီအစဉ်ကို စတင်လာလေသည်။

ယွမ်ရွေ့က အသက်ပြင်းပြင်းရှူကာ စိတ်လှုပ်တရှား ပြောလိုက်သည်။ "ယွင်နန်၊ ငါတို့အလှည့်ပဲ။"

"ကဲ နံပါတ်၂၁ပစ္စည်းကို အားလုံးသိအောင် ကြေငြာပါရစေ..."

လေလံတင်သူက ခဏရပ်လိုက်ပြီး ဆက်ပြောလာသည်။  "လင်းယွီဒီဇိုင်းဆွဲထားတဲ့ 'တောက်ပလွန်းသည့်ပန်း' ပါတဲ့ခင်ဗျာ့။"

စခရင်ကြီးကြီးက လက်ရာရဲ့ အသေးစိတ်အချက်အလက်တွေကို ပြသနေပြီး၊ တစ်ချိန်တည်းမှာပင် လက်ရာအစစ်တွေပါသည့် ဗီရိုကြီးကို ဝန်ထမ်းတွေက တွန်းလာသည်။

ယွမ်ရွေ့က မျက်နှာမှာ ဘာအမူရာမှ မပြကာမေးလာသည်။  "ဘာတွေဖြစ်နေတာလဲ? ငါတို့လက်ရာ​ကို အရင်​ပြရမှာ မဟုတ်ဘူးလား?"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now