အခန်း (၆)

10.2K 345 22
                                    

တနေကုန် မတ်တပ်ရပ်လာရတာမလို့ တာရာအတော့်ကိုပင်ပန်းပီး အရမ်းကိုလှဲချင်နေပီ။ ရေအမြန်ချိုးကာ အိပ်ရာအမြန်ခင်းပီး လှဲမယ်အလုပ် အပြင်ဘက်က အခန်းတံခါးစောင့်ပိတ်သံကြောင့် တာရာ တကိုယ်လုံးတုန်တောင်သွားသည်။ မကြာပါဘူး တာရာနေတဲ့ အဝတ်လဲခန်းတံခါးကို ခပ်ကြမ်းကြမ်းခေါက်သံကြားလိုက်ရတာမလို့ အမြန်ပဲ အခန်းတံခါးပြေးဖွင့်လိုက်တော့ ထင်တဲ့တိုင်းပဲ ဒေါသထွက်နေတဲ့မျက်နှာနဲ့ ဟိုလူကြီး....တာရာ့လက်မောင်းကနေဆွဲပီး အခန်းပြင်ကိုခေါ်လာတယ် အခန်းပြင်လို့သာဆိုတာ သူ့အခန်းထဲပါပဲ။
"အာ့ ဦးမဟာ...."
"ငါ့ကို မဟာလို့မခေါ်နဲ့"
"ဦးနေမင်းမဟာ ရာရာ့လက်တွေနာနေပီ"
မဟာလို့ခေါ်တာမကြိုက်တာမလို့ နာမည်အပြည့်စုံပဲခေါ်လိုက်ရသည်။ တခါမှ စကားပင်သေချာပြောဖူးတာမဟုတ်တော့ ဘယ်လိုခေါ်ဝေါ်သုံးစွဲရမှန်းလဲမသိ။ သူများတွေခေါ်သလို မဟာလို့ခေါ်ဖို့ရာကလဲ အသက်က ကွာနေတယ်မလား....ဦးမဟာလို့ခေါ်တာမကြိုက်တော့ ဦးနေမင်းမဟာပေါ့။ သူမလက်ကို ခပ်ကြမ်းကြမ်းဆွဲလာရာမှ စောင့်ကာလွှတ်လိုက်သဖြင့် တာရာ့မှာ နောက်ပင်လဲလုမတတ်။
"မင်း နေ့လည်က ငါ့ကို အရှက်ကွဲအောင်လုပ်တာလား"
"ဘာကိုလဲ"
"မင်း ရူးချင်ယောင်ဆောင်မနေနဲ့ နေ့လည်က စားသောက်ဆိုင်က စားပွဲထိုးက မင်းမှန်းငါမှတ်မိတယ်"
"အော် ဟုတ်တယ်လေ အဲ့တာ ရာရာပဲ အဲ့တာ ဦးနေမင်းမဟာက ဘာဆိုင်လို့ အရှက်ကွဲမှာလဲ"
"မင်းနဲ့ငါ လက်ထပ်ထားတာ ငါ့သူငယ်ချင်းတွေသိတယ်ကွ..... မင်းမမြင်ဘူးလား သူတို့ကောင်မလေးတွေလဲပါလာတာကို"
"အဲ့တာ ရာရာ့အလုပ်လေ ရာရာက ဘာတတ်နိုင်မှာလဲ"
"မင်းကွာ....ကျွတ်"
စိတ်မရှည်သလိုနဲ့ ကျွတ် စုတ်သတ်လိုက်တဲ့ သူ့ကို ရာရာနားမလည်သလိုကြည့်ရင်း
"မင်း အလုပ်အဲ့လောက်ရှားနေလား.....ငွေအဲ့လောက်လိုချင်နေလား အဲ့လောက်တောင် ငွေကိုမက်မောနေလဲပြော ငါထုတ်ပေးမယ်"
"....."
"ဒီအိမ်မှာ မင်းအေးဆေးထိုင်စားလို့ရတယ် အပြင်ထွက်အလုပ်လုပ်ပီး ထောက်ပံ့စရာရှိနေရင်တော့ မပြောတတ်ဘူး"
မဟာ စိတ်တိုတိုနဲ့ ပါးစပ်ထဲရှိတာတွေအကုန်ပြောချလိုက်ပီးမှ ဘောင်းဘီအိတ်ကပ်ထဲက လာနေတဲ့ဖုန်းကိုထုတ်ကိုင်လိုက်တော့ ဧကရီ.....သူမခရီးသွားတာကို လှမ်းနုတ်ဆက်တာဖြစ်မယ်
"အင်း ဧကရီ လေဆိပ်ရောက်ပီလား နွေးနွေးထွေးထွေးဝတ်နော်....လိုတာရှိရင် လှမ်းပြောလိုက်"
"......"
"ဟား ဟား ဟုတ်ပါပီ အဲ့ဆို ဒါပဲနော် ချစ်ပါတယ်ဗျာ"
ခုနကပဲ တာရာ့ကို အော်ဟစ်နေတဲ့သူက သူ့ချစ်သူနဲ့ကျ ရီမောလို့။ တာရာလဲ သူဖုန်းပြောနေတုံးလှည့်ထွက်ဖို့ပြင်တော့ နောက်ကနေ သန်မာတဲ့လက်တစုံက စောင့်ဆွဲတာခံလိုက်ရတော့ နာတာရော နဂိုထဲက ဝမ်းနည်းနေရာရောပေါင်းပီး မျက်ရည်ဝဲလာသည်။ မငိုမိအောင်မနဲထိန်းရင်း မျက်ရည်တွေကို မျက်တောင်နဲ့ ပုတ်ခတ် ပုတ်ခတ်လုပ်နေရသည်။
"ငါပြောလို့မပီးသေးဘူး"
မျက်ရည်တွေ မျက်လုံးအိမ်ထဲအတော်အသင့်ရှင်းသွားတော့ တာရာ သူ့ဘက်ပြန်လှည့်လိုက်ပီး
"ဟုတ်တယ် ဦးနေမင်းမဟာ ကျမအတွက် အလုပ်ရှာရခက်တယ် မိဘမဲ့ဂေဟာက လာတာမလို့ ဘယ်အလုပ်ရှင်ကမှမခန့်ချင်ကြဘူး ပီးတော့ ကျမ ငွေလိုတယ် ကျမဘဝရှေ့ဆက်ရမှာရှိသေးတယ် ကျမဘဝကျမခြေထောက်ပေါ်ရပ်လို့ရအောင်ထိ ကြိုးစားရမှာတွေရှိသေးတယ်.....သိချင်တာ ဒါပဲမလား ကျမ ပင်ပန်းနေပီ ကျမ အိပ်ပါရစေ"
ဆွဲထားတဲ့ လက်ကို သူမရဲ့နောက်လက်တဖက်က ဖြေချပီး သူမနေတဲ့ အခန်းထဲ ပြန်ဝင်သွားလေရဲ့။ သူမပြောတာ အကုန်လက်မခံနိုင်ရင်တောင် တချို့တော့ သူလက်ခံရမယ် ဥပမာ သူ့ခြေထောက်ပေါ်သူရပ်ရမယ်ဆိုတာမျိုးပေါ့ တချိန်ကျ သူလဲ သူမနဲ့ ကွာရှင်းမှာပဲလေ ခုထဲက သူ့ဘာသာနေတာတော့ ကောင်းတာပေါ့ဟုသာ စိတ်ဖြေလိုက်ရသည်။

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now