Epi(44) Unicode

7.4K 549 19
                                    

အပိုင်း(၄၄)

တန်ခူးမေ၏ အတွေးပုံရိပ်တို့သည် လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်ခန့်သို့ ပျံ့နှံသွားသည်။

သူသည် ဂေဟာမှူးနှင့် စကားပြောနေသော အရပ်မြင့်မြင့်‌ ထောင်ထောင်မောင်းမောင်းနှင့် မမကို ကြည့်လျက် ၀မ်းနည်းနေမိသည်။

"မေ ငိုမနေနဲ့တော့လေ မမမြင့်ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တော့မှာကို နင်မပျော်ဘူးလား "

"မိုးရယ် ၀မ်းသာပေမဲ့ ငါ့အစ်မကထွက်သွားတော့မှာလေ ငါကမငိုရတော့ဘူးလား "

"ဒါပေမဲ့ အစ်မစိတ်မကောင်းဖြစ်သွားမှာပေါ့ဟ "

တန်ခူးမေသည် ဘာစကားမှမဆိုမိပါဘဲ ဂေဟာမှူးနှင့် စကားပြောနေသော အစ်မဖြစ်သူကိုသာ ကြည့်နေမိသည်။ မိမိအား ညီအစ်မလေးအရင်းတစ်ယောက်လို စောင့်ရှောက်ပေးခဲ့ပါသော အရင်းနှီးဆုံးအစ်မသည် ဒီဂေဟာမှ ထွက်သွားတော့မည်။

ဂေဟာမှာ ရှိတဲ့လူတိုင်းက ကောင်းပေမဲ့ တရင်းတနှီးငယ်ငယ်တည်းက နေခဲ့သော အစ်မနှင့်တော့ ကွာခြားလှသည်။ မငိုရန် သူငယ်ချင်းမှ လာဖြောင်းဖြနေသော်လည်း သူမျက်ရည်များကို ထိန်းမရ ။

အစ်မသည် စကားပြောနေရာမှ သူတို့ဘက်သို့လျှောက်လာသည်။ စိတ်မကောင်းဖြစ်သွားမှာစိုးသောကြောင့် တန်ခူးမေသည် မျက်ရည်များကို အလျင်အမြန်သုတ်လိုက်သော်လည်း မြင်သွားပုံရသည်။

"မေ ငိုမနေနဲ့လေ ။ ပြန်တွေ့မှာပဲကို အစ်မရန်ကုန်မှာ အဆင်ပြေသွားရင် မေ့ကိုလာခေါ်မယ်လေ "

"တကယ်လားဟင်"

"အင်း။ တကယ်ပေါ့ မမမြင့်မှာ မေတစ်ယောက်ပဲရှိတာကို မေ့ကိုမခေါ်ရင် ဘယ်သူ့ကိုခေါ်ရမလဲ ကလေးလည်းမဟုတ်ဘဲ ငို‌မနေနဲ့တော့"

"ကတိနော် တကယ်လာခေါ်ရမှာနော် "

"ကတိ ကတိ ။ ငိုမနေနဲ့တော့ မိုးနဲ့လည်း လိမ်လိမ်မာမာနေနော် "

"ဟုတ်ကဲ့ "

"ဒါဆို မမမြင့် သွားတော့မယ် မမကိုပြုံးပြပါအုံး "

စိတ်မပါတပါဖြင့်သာ တန်ခူးမေပြုံးပြလိုက်သည်။ မမမြင့်သည် ကတိတည်တတ်သူမှန်း သူသိပြီးသားမို့ ၀မ်းနည်းမနေတော့။

Love Of My Life [Completed]Where stories live. Discover now