1

19.4K 1K 82
                                    

Unicode Version

"လင်ဆိုးမယားတစ်ဖားဖားဆိုတာ သူလိုမျိုးကို
ပြောတာပေါ့ဟယ် "

"ဟဲ့ တိုးတိုးပြောစမ်းပါ ကြားသွားပါဉီးမယ် "

"ကြားကြားအေ မှန်တာပြောတာ
ဘယ်သူဂရုစိုက်ရမတုန်း "

"နေပါဉီးဟဲ့ ခုနကဖြတ်သွားတဲ့ကောင်လေးက
ဟိုဘက်(၂)လမ်းကျော်မှာအရင်ကနေသွားတဲ့
ရှောင်းသူဌေးကြီးရဲ့သားမလား "

"ဟုတ်တယ်လေ စကတော့သူဌေးသားလူလိမ္မာလေးပေါ့
ခုတော့ ဟိုဂျလေဘီကောင်နဲ့ညားပြီး သူဌေးကနေ
ခွေးဖြစ်နေပြီလေ "

ကားသံ၊စက်သံ၊လူသံတွေနဲ့ဆူညံနေတဲ့ညနေခင်းတစ်ခု၏
လမ်းကြားလေးအတွင်း အတင်းပြောသံသဲ့သဲ့က
ထွက်ပေါ်လာသည်။ ထိုမိန်းမကြီးနှစ်ဉီး၏
မျက်လုံးများသည် သူတို့ရှေ့ကခပ်သုတ်သုတ်
ဖြတ်လျှောက်သွားသောကောင်လေး၏
နောက်ကျောထံတွင်တည်ရှိသည်။ ထိုကောင်လေး၏
ကျောပြင်ပျောက်ကွယ်သွားသည့်တိုင် ထိုမိန်းမကြီး
နှစ်ဉီး၏စကားများကတော့ မရပ်နိုင်ဘဲ
အတင်းတုတ်လို့ကောင်းဆဲပင်။

"ပြောစမ်းပါဉီးဟဲ့ နင်ကအလိုမျိုးတွေစပ်စပ်စုစုရှိတော့
သူတို့အကြောင်းလေးနည်းနည်းလောက်ဖောက်သည်
ချပါဉီး "

"အမလေး သူတို့ကြောင်းကတော့ ပြောမပြောချင်တော့ပါဘူးဟယ် "

မဲ့ရွှဲ့ကာသူများအတင်းကိုပြောဖို့အရှိန်ယူနေသော
ဒေါ်ကျောက်ချီ၏ မျက်နှာသည်နာမည်နဲ့လိုက်အောင်
မော်ချီနေသည်။ တစ်ဖက်ကနားထောင်နေသော
ဒေါ်မာယွီသည်လည်း သူများအတင်းကြားချင်လွန်းလို့
နဂိုပြူးသောမျက်လုံးပင် ပိုပြူးနေသည်ဟုထင်ရသည်။

"ဒီလိုဟေ့ ငါတို့ရက်ကွက်ထဲက ဒေါ်ကျန်းမေကိုသိတယ်မလား သူ့မှာတူတစ်ယောက်
ရှိတယ်လေ ။ သူတူကလူဆိုးလူမိုက်ပါဟယ်
အရက်သောက်၊ဖဲရိုက်၊ဂျင်းထိုး၊ရန်ဖြစ် အို
မကောင်းတာမှန်သမျှ အဲ့ကောင်လေးနဲ့ကင်းလွတ်တယ်
လို့ကိုမရှိဘူး ပြီးတော့စောက်ဆံသာမရှိတာနော်
နာမည်က ဘုရင်နာမည်ဟဲ့ ဝမ်ရိပေါ်တဲ့ "

ဟုတ်သည်ရှိမဟုတ်သည်ရှိသူများအတင်းဆို
ပိုပိုသာသာပြောလိုက်ရမှကျေနပ်သော
ဒေါ်ကျောက်ချီသည် သူ့ဝစီအတိုင်းမဲ့ရွဲ့ကာ
အတင်းတုတ်တော့သည်။ ဒေါ်ကျောက်ချီဆိုသည်မှာ
ရက်ကွက်ရဲ့ဇက်ဇက်ကြဲအဒေါ်ကြီးဖြစ်ပြီး
သူနှင်တွဲဖက်ကတော့ သူ့ဘေးကဒေါ်မာယွီဖြစ်သည်။
သူများအတင်း ပြောနေရရင် ထမင်းမေ့ဟင်းမေ့ပြောတက်သောအကျင့်ကတော့
နှစ်ယောက်လုံးအတူတူထူးမခြားနားမို့
အတွဲညီနေကျတာလည်းမထူးဆန်းပေ။

My very bad husband  belong to meWhere stories live. Discover now