အခန်း (၇)

10.3K 350 46
                                    

တာရာ အလုပ်သွားဖို့ အခန်းထဲက ထွက်မယ်အလုပ် ကုတင်ပေါ်က ငြီးသံသဲ့သဲ့ကိုကြားလိုက်ရသည်။ စိတ်ထဲတမျိုးဖြစ်သွားလို့ အသာနောက်လှည့်ကြည့်တော့ စောင်ထဲမှာ ကွေးနေတဲ့ ဟိုလူ့ပုံက တမျိုးဖြစ်နေသည်။ ဘာလဲ နေမကောင်းဘူးလား။ အနားသွားစမ်းကြည့်ရအောင်လဲ ကိုယ့်ကို မသတီပါဘူးဆိုထားတာဆိုတော့ ကပ်ဖို့လဲမရဲတာမလို့ အောက်ကျမှသာ အိမ်က လူတယောက်ကို ပြောခဲ့မည်ဟုတွေးပီး အောက်ဆင်းလာခဲ့လိုက်သည်။ တိုင်ကပ်နာရီကြီးကိုကြည့်လိုက်တော့ ၇ နာရီခွဲတော့မည် ခုထိအောက်မှာ လူတယောက်မှမတွေ့.....ခါတိုင်းဆို မနက် ၅ နာရီလောက်ထဲက အောက်မှာ အလုပ်လုပ်တဲ့သူတွေပြည့်လို့နေပီဖြစ်သည်။ ဘယ်များသွားကြလဲ စဥ်းစားရင်း ခြံထဲဆင်းရှာကြည့်တော့ တံခါးစောင့်ဦးလေးကြီးက သူမကိုမြင်သည်နှင့် အားရဝမ်းသာပြေးလာသည်။
"အမလေး တော်ပါသေးတယ် ဦးလေးတွေ့တာနဲ့အတော်ပဲ"
"အေး ကလေးမ ညည်းကိုတွေ့တာနဲ့အတော်ပဲ ခြံသော့တွေပေးမလို့ ညက သခင်လေးက အစောကြီးတက်သွားလို့ မပေးလိုက်ရဘူး ပြန်ဆင်းလာမယ်ထင်ပီး စောင့်နေတာ မဆင်းလာဘူးလေ"
"ခြံသော့ပေးမလို့...? ဦးလေးက ဘယ်သွားမလို့လဲ ဒါနဲ့ တခြားသူတွေကော... ?"
"ဒါ အားလပ်ရက်လေ ဝန်ထမ်းတွေအကုန်လုံး ပိတ်ရက် ၇ရက်ရတယ် ကျန်တဲ့သူတွေအကုန်ပြန်ကုန်ကြပီ ဦးလေးက သော့ပေးဖို့စောင့်နေတာ သွားလိုက်ဦးမယ် ဦးလေးလဲနယ်ပြန်မှာ ကားမမီမှာစိုးလို့"
"အဲ.....နေ....နေ ပါဦး"
သူမ စကားပင်မဆုံးသေး လက်ထဲ သော့အတွဲလိုက်ကြီးထိုးထည့်ပေးကာ အတင်းကို လက်ကာပြကာ ထွက်သွားတဲ့ ခြံစောင့် ဦးလေးကြီး။ ဒါဆို ဒီအိမ်မှာ ဟိုလူနဲ့ တာရာနှစ်ယောက်ပဲကျန်ခဲ့တာပေါ့.....ဟင်.....ဟိုလူက ဖျားနေတာမလား.....တာရာ သတိရတော့မှ သော့အတွဲလိုက်ကြီးကိုင်တာ အိမ်ထဲ အပြေးပြန်လာပီး အပေါ်ထပ်တက်ခဲ့လိုက်သည်။ အမောတကောနဲ့ အပြေးတက်လာကာမှ ဟိုလူက ကုတင်ပေါ်ကနေ ခြေထောက်တွဲလောင်းချထိုင်လျက် လက်တဖက်နဲ့ နားထင်ကိုထောက်လို့ မျက်မှောင်ကြီးကျုံ့ကာ သူမကိုကြည့်နေလေရဲ့.....
ချည်ထည်ဘောင်းဘီရှည်အပွလေးကို တီရှပ်လက်ရှည်ပွပွနဲ့ဝတ်ထားတဲ့သူမ အိတ်လွယ်ထားပုံအရ အလုပ်သွားမလို့နေမယ်....ခုဘာလို့ပြန်တက်လာတာလဲ လူကြည့်တော့လဲ ဖရိုဖရဲအမောတကောနဲ့ အမြဲအဲ့လိုပဲ...သူ့မြင်တော့ အဝေးကနေပဲလှမ်းပီး
"ဟို နေမကောင်းဘူးလား ဆရာဝန်ခေါ်ပေးရမလား"
"မင်းဘာသာ အလုပ်သွားမလို့မလား သွားလေ ဘာကိစ္စဇယား​ပြန်လာရှုပ်တာလဲ"
နေမကောင်းတဲ့စိတ်နဲ့ရော ဟိုနေ့က ကိစ္စရောမကြည်တာမလို့ ငေါက်သလိုလေသံနဲ့ပြောလိုက်မိသည်။ ဒါတောင် ငတိမက မကြားသလို မသိသလိုနဲ့ လွယ်ထားတဲ့အိတ်ကို ချွတ်လို့ သူ့နားကို အသာကပ်လာသည်။
"အိမ်ကလူတွေအကုန် ပိတ်ရက်ပြန်သွားကြပီတဲ့ ဦးနေမင်းမဟာနဲ့ ရာရာပဲကျန်ခဲ့တာ....ရာရာက နေမကောင်းတဲ့သူကိုထားခဲ့ပီး အလုပ်သွားတဲ့ထိတော့ စာနာစိတ်မကင်းသေးပါဘူး"
"ငါ့အိမ်ကလူတွေ ပိတ်ရက်ပြန်သွားကြတာ ငါသိတယ်"
တကယ်က မဟာ အိမ်သာခွဲနေတာ မိဘအိမ်နဲ့ဝေးလှသည်မဟုတ် တခုခုဆို ပြန်နေလို့ရပေမယ့် မဟာ အိမ်စပီးခွဲနေထဲက မိဘအိမ်ကို အလည်ကလွဲလို့ ညအိပ်ညနေမသွားတတ်....မောင်စိုးကို ကရိကထလုပ်ခိုင်းရအောင်ကလဲ သူကုမ္ပဏီမသွားနိုင်ရင် မောင်စိုးက အဲ့မှာရှိနေမှဖြစ်မယ်။
"အင်းလေ သိတယ်ဆိုရင် ခုက ရာရာနဲ့ နှစ်ယောက်ထဲပါဆို ရာရာက ဘယ်လိုလုပ်ရှင့်ကိုထားခဲ့ပီး အလုပ်သွားမလဲ"
"မင်းဘာသာမင်း သွားချင်သွား မသွားချင်နေ..."
"ကဲပါ လောလောဆယ် ဆရာဝန်ဖုန်းနံပါတ်ပြော ရာရာဆက်ပေးမယ်"
"ရတယ် ငါ့ဘာသာဆက်ထားတယ်"
"အဲ့ဆို မနက်စာစားဖို့ တခုခုလုပ်ပေးရမလား ဒါမှမဟုတ် သွားဝယ်ပေးရမလား"
"ငါနေမကောင်းရင် အပြင်စာမစားချင်ဘူး"
"အဲ့ဆို ရာရာ မီးဖိုချောင် ခနသုံးလို့ရတယ်မလား စားဖို့ တခုခုလုပ်ပေးမယ်"
ဟင်....မီးဖိုချောင်ထဲဝင်ဖို့ကို ခွင့်တောင်းနေတဲ့ သူမကိုကြည့်ရင်း ဘာလဲဟဆိုပီး ထူးဆန်းနေတုံး family doctor ရောက်လာတော့မှ အတွေးစပြတ်သွားသည်။ ဆရာဝန်က စမ်းသပ်အပြီး
"တုတ်ကွေးမိနေတာ အလုပ်တွေကြောင့် အအိပ်အစားမမှန်တာနေမယ် အားရှိတာစား ဆေးပေးခဲ့မယ် မှန်မှန်သောက် ဒါနဲ့ဒီကလေးမက.?.. အောက်မှာလဲ ဝန်ထမ်းတွေမတွေ့ခဲ့ဘူး"
ဆရာဝန်က ရုတ်တရက်မေးလိုက်တော့ မဟာဘာဖြေရမယ်မသိတုံး သူမက ထပီး
"ဒီအိမ်က ဝန်ထမ်းတေ ပိတ်ရက်ခရီးသွားနေတုံး အချိန်ပိုင်းလာလုပ်တဲ့ အလုပ်သမားပါ"
"Aww အေးအေး ဟုတ်ပါပီ အားရှိအောင်ကျွေးဖို့က အဓိကပဲ လူက ကိုယ်ခံအားကောင်းတော့ တော်ရုံတော့ မစိုးရိမ်ရပါဘူး"
ဆရာဝန်ဘာပြောသွားလဲမသိအောင်ပင် သူမရဲ့အဖြေကြောင့် မဟာဆွံ့အနေလေရဲ့....ဆရာဝန်ပြန်တော့လဲ သူမပဲလိုက်ပို့ပေးပီး တော်တော်နဲ့ ပြန်တက်မလာ.....တအောင့်ကြာမှ လင်ဗန်းတချပ်နဲ့ပေါ်လာတော့သည်။
"ကြာသွားလား မီးဖိုတွေက မဖွင့်တတ်လို့ကြာနေတာ....ဒီမှာ ကြက်သားဆီချက်လေး ရှိတာလေးတွေနဲ့ အဆင်ပြေအောင်လုပ်ခဲ့ပေးထားတယ် စားကြည့်မလားဟင်"
စားကြည့်လို့မပြောဘဲ စားကြည့်မလားလို့ မေးနေတဲ့ သူမကို ထူးဆန်းတဲ့မျက်လုံးတွေနဲ့ ကြည့်ပီး ပေးဆိုတဲ့သဘောနဲ့ လက်ကမ်းလိုက်တော့ တန်းမပေးသေးဘဲ သူ့ဘေးက နေရာလွတ်နေတဲ့ကုတင်ပေါ်ကို ဗန်းကိုအသာချ ဘေးက ခုံအလွတ်တခုကိုယူပီး လင်ဗန်းကိုပြန်တင်နဲ့ အလုပ်ရှုပ်နေတဲ့သူမကို မျက်စိနောက်လာပီး
"ငါက ဒီနေ့ စားရဦးမှာလား"
"ဖိတ်ကျမှာစိုးလို့ပါ"
လက်ထဲထည့်ပေးတဲ့ ဆီချက်ပန်းကန်နဲ့ တူကို ယူပီး တဇွန်းစားကြည့်ပီး ရပ်လိုက်တော့
"စားမကောင်းဘူးလား အသစ်လုပ်ပေးရမလား"
"မင်းလုပ်စရာအတော်ရှားနေလား သွား ငါ့နားကနေဝေးဝေးသွားနေ"
"အော် ဟုတ် ဟုတ်"
နေမကောင်းနေတာမလို့ စိတ်က ဆတ်ဆတ်ထိမခံနိုင်ဘဲ ဒေါသထွက်နေတာသိလို့ တာရာ အသာလေးထွက်လာပီး တခြားဘာတွေလုပ်ကျွေးလို့ရမလဲ မီးဖိုထဲဝင်မွှေနေလိုက်သည်။ ခနအကြာ ပန်းကန်သိမ်းဖို့ အပေါ်ပြန်တက်တော့ ဟိုလူက စားပီး အိပ်နေပီ။ တော်သေး ခေါက်ဆွဲတပွဲလုံးတော့ ကုန်အောင်စားရှာသား။

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now