𝑫𝒓𝒆𝒂𝒎 0

1K 116 9
                                    

အတိတ်ဆိုတာ တကယ်ရှိလား...
အိမ်မက်တိုင်းကရော အတိတ်ကလိပ်ပြာကြိုးတွေနဲ့
ငြိတွယ်ပတ်သတ်ခွင့်ရှိလား...။

ရေစက်မဟုတ်ပဲ ဝဋ်ကြွေးအဖြစ်ဆုံခဲ့ရခြင်းဆိုရင်
ကံကြမ္မာတွေက ဘယ်သောအခါမှ
ကိုယ်လိုသလို ပြင်ဆင်ရေးဆွဲခွင့်မရ...

ခြေတော်ရင်းမှာ ဝပ်ဆင်းထားတဲ့အနမ်းတွေများစွာဟာ
သစ္စာလွှမ်းခြုံရုံနဲ့ မလုံခြုံတဲ့ရပ်ဝန်းတွေဆီမှာ
တစ်ဆစီ တစ်ဆစီပဲ့ကြွေခဲ့ရ...

ဟိုးအဝေးက ခေါ်သံတွေအထပ်ထပ်ကြားမှာ
နှလုံးသားပေါ်နင်းဖြတ်လာတဲ့ ​အတိတ်ကခြေသံများနဲ့
မျှော်လင့်ချက်မဲ့ အလင်းရောင်မဲ့တဲ့ ဝင်္ဂဘာ
နှလုံးသွေးနဲ့ရေးတဲ့ ကျိန်စာတွေက
ဘဝအဆက်ဆက်ရဲ့ အိမ်မက်စေရာ...။

အိမ်မက်စေရာ Where stories live. Discover now