Part40(Unicode)

31.1K 3.2K 575
                                    

မမွန်၏ ဧည့်သည်ရောက်နေသည်ဟူသော အသိပေးမှုကြောင့် သူရှုပ်ထွေးသော အတွေးတို့ဖြင့် ဧည့်ခန်းဆီသို့ လှမ်းခဲ့မိသည်။ဒီနေ့မှာ သူကြိုတင်ချိန်းဆိုထားသည့် မည်သည့်ဧည်သည်မျှတော့ မရှိနေပါ။ပို၍ထူးဆန်းတာက ထိုဧည့်သည်ဟာ နေးလ်ဖြစ်နေတာပင်။ပါတီမှာတွေ့သည့်ညတုန်းက နှစ်ယောက်သား စကားစမြည်ဆိုဖြစ်ကြပေမဲ့ လိပ်စာဘာညာတော့ မပြောဖြစ်ခဲ့ကြတာ သေချာသည်။သူတို့ကြားမှာ ထပ်ပြီးတွေ့ဆုံလောက်စရာ အကြောင်းအရင်းမျိုးလည်း မရှိပေ။သံသာညို၏ ပြဿနာလားဟု တွေးမိပြီး သူ့စိတ်တွေရှုပ်ထွေးလာရသည်။အဲ့ဒီညက ပြဿနာကို အစအဆုံးမြင်ခဲ့သူဟာ နေးလ်ပဲမဟုတ်လား။ပြီးတော့ ဆိုင်းလော့ဒ်နှင့်အတူ သူ့ကိုကာကွယ်ပေးခဲ့တဲ့သည့်သူလည်းဖြစ်သည်။ဘာအကြောင်းကြောင့် ကာကွယ်ပေးခဲ့သလဲဆိုတာကိုတော့ သူအခုထိ တွေးမရသေးပေ။အခုလည်း သူ့ဆီကိုဘာအကြောင်းကိစ္စဖြင့် ရောက်လာမှန်းမသိတော့ချေ။

သူရှုပ်ထွေးသော တွေးများစွာဖြင့် ဧည့်ခန်းဆီသို့လှမ်းခဲ့တော့ ဆိုဖာပေါ်မှာ ငြိမ်သက်စွာထိုင်၍ ဖုန်းကိုအာရုံစိုက်နေပါသော နေးလ်အား တွေ့လိုက်ရသည်။ပါတီမှာတွေ့ခဲ့သလိုမျိုး ဝတ်စုံပြည့်နှင့် မဟုတ်တော့ပဲ တီရှပ်အစင်းတစ်ထည်ကို အပေါ်က ကုတ်အနက်ထပ်၍ ထသွားထလာပေါ့ပေါ့ပါးပါးသာ ဝတ်ဆင်ထားတာမို့ နေးလ်၏ပုံစံကပို၍ နုငယ်‌လို့နေသည်။မျက်ခုံးတန်းနှစ်ခုက အရာပေါ်သည်ဆိုရုံလေး စုကျုံ့နေကာ ဖုန်းကိုအာရုံတစိုက်ရှိလို့နေသည်။ချွန်မြနေသော နှာခေါင်းနှင့်ရဲစိုနေသောကကြီးပုံ နှုတ်ခမ်းလွှာတို့ဟာ နေးလ်၏မျက်နှာပေါ်မှာတော့ အထင်ရှားဆုံး ဆွဲဆောင်မှုအရှိဆုံးအစိတ်အပိုင်းများဖြစ်သည်။မြန်မာပြည်ဖွားဆိုပေမဲ့လည်း ငယ်စဉ်ကတည်းက ကိုးရီးယားနိုင်ငံသားအဖြစ် ခံယူထားသူမို့ နေးလ်၏ပုံစံလေးက ဘယ်လိုမှမြန်မာရုပ်ပေါက်မနေတော့ပေ။ပိန်ပိန်ပါးပါး ကိုယ်ဟန်မြင့်မြင့် ကိုးရီးယားစတိုင် ဘေးခွဲဆံပင်အုပ်အုပ်လေးများဖြင့် ထိုကောင်လေး၏ပုံစံက ဘေးပတ်ဝန်းကျင်ကိုပင် အနွေးဓာတ်လေးတွေ ဖြာထွက်နေစေသည်။မြင်လိုက်ရတာနှင့် ပြုံးမြမြမျက်နှာထားလေးက စိတ်အကြည်ဓာတ်ကိုလည်း ပေးစွမ်းလေသည်။

Wild  Rose(complete)Where stories live. Discover now