2

12.3K 1K 70
                                    

Unicode Version

"ရော့ မောင် ဒါမောင်ကြိုက်တဲ့ ဝက်သားကိုခရမ်းချဉ်သီးနဲ့
ချဉ်ချဉ်လေးချက်ထားတာ များများစား "

ဝက်သားချက်ကို ပန်းကန်ထဲသို့ ယူထည့်ပေးရင်း
ပါးစပ်ကလည်းမနားတမ်းပြောနေသည်။ ရိပေါ်
ဝက်သားချက်လေးကို တစ်ဇွန်းယူပြီးစားကြည့်လိုက်တော့
လျှာပေါ်ကိုရောက်လာတဲ့ သူ့အကြိုက်ချဉ်ဖြုံ့ဖြုံ့
အရသာလေး။ ရှောင်းကျန့်က သူဌေးသားဆိုပေမဲ့
ဒီလိုဟင်းချက်လည်း ပိုင်နိုင်သည်။ ဒါကြောင့် ကြီးမေတောင် မီးဖိုချောင်မဝင်တော့ဘဲ ရှောင်းကျန့်ကို လွှဲပေးလိုက်တာဖြစ်သည်။ ဟင်းချက်တော်တဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်စိတ်ထဲမှာ ကြိတ်ပြုံးလိုက်မိသည်။

"အင်း ဒါနဲ့ ခင်များရော မစားသေးဘူးလား "

"ဟင့်အင် ညစာမစားဘူးလေ ဝိတ်ချနေတာ "

"ဘာ! "

"ဖြည်းဖြည်းအော်ပါမောင်ရယ် လန့်လိုက်တာ "

ခက်နက်နက် အော်သံကြောင့် ဟင်းထည့်နေတဲ့ရှောင်းကျန့်
လက်ကလေးပင်တုန်သွားရသည်။

ဒါလေးပြောတာကို ဘာဖြစ် လို့ဒီလောက်ထအော်တာပါလိမ့်။

သူညစာမစားတာဒီနေ့မှမဟုတ် လွန်ခဲ့တဲ့တစ်ပတ်လောက်
ကတည်းကဖြစ်သည်။ ရိပေါ်ရဲ့အဒေါ် ကြီးမေက
စျေးထဲမှာ အထည်ဆိုင်သေးသေးလေးဖွင့်ထားသည်မို့
နေ့တိုင်းကြီးမေနဲ့အတူစျေးလိုက်ပြီး အထည်ကူရောင်း
ရသည်။အထည်ဆိုင်ဆိုတော့ လူစုံသည်။
အပျိုတွေအပြင် အိမ်ထောင်သည် အမျိုးသမီးတွေလည်းလာကြသည်။

လာလျှင်လည်းသူတို့ အိမ်ထောင်ရေးအကြောင်း
ယောကျ်ားအကြောင်းကို အချင်းချင်းဖောက်သည်
ချတက်ကြသည်။ လွန်ခဲ့တဲ့တစ်ပတ်လောက်က
ဟိုဘက်ရက်ကွက်က အမကျိရွှမ်းကအထည်ဆိုင်လာရင်း
သူ့ယောကျ်ားအကြောင်းပြောပြတာကိုကြားခဲ့ရသည်။
အမကျိရွှမ်းက သူအိမ်ထောင်စကျတုန်းက
စလင်းဘော်ဒီလေးဖြစ်ပြီး သေးသေးသွယ်သွယ်လေး
ဖြစ်သည်။ အိမ်ထောင်ကျပြီးတစ်နှစ်လောက်ကြာတော့
သူ့ခန္ဓာကိုယ်ဟာ တော်တော်ဝပြီးပုံပြတ်ပန်းပြတ်
ဖြစ်သွားခဲ့သည်။

My very bad husband  belong to meWhere stories live. Discover now