အခန်း (၈)

10.1K 350 18
                                    

မဟာ မနက်ခင်းနိုးတော့ ၇နာရီခွဲနေပီ....ဟိုငတိမက ကြမ်းပြင်ပေါ်ထိုင်ပီး သူ့ကုတင်စောင်းခေါင်းမီပီးအိပ်နေလေရဲ့။ တညလုံးနှိပ်ပေးနေတာ မဟာသိသားပဲ။ မနက်လင်းခါနီးမှအိပ်သွားတာလဲ သိသားပဲ။ အစက သူ့အခန်းထဲ ပြန်အိပ်တယ်ထင်နေတာ နိုးလာမှ သိတယ် သူ့ကုတင်အောက်ထိုင်အိပ်နေတာပဲ။ မဟာ လှုပ်လှုပ်ရွရွဖြစ်လာတော့ သူမလဲ အိပ်မှုန်စုံဖွားနဲ့နိုးလာသည်။
"နိုးပီလား နေကောင်းလား မနက်စာစားတော့မလား"
သူ့ကိုသာမေးလိုက်ရတာ တာရာလည်ချောင်းတွေက ပူစပ်ပီးနာနေသည်။ မဖြစ်သေးပါဘူးဆိုပီး ထကာ မျက်နှာသစ်ဖို့ မနက်စာစားဖို့ပြင်ပေးပီး သူမကိုယ်တိုင်လဲ မျက်နှာသစ် မနက်စာစားလိုက်တော့ ပေါင်မုန့်ပင်မျိုမချနိုင်အောင် လည်ချောင်းတွေနာနေပီ။ သူမဆေးဝယ်ရမယ် သူ့ကိုပြောပီး ခနထွက်ပီး ဆေးသွားဝယ်ရမယ် ကိုယ်ထနိုင်တုံးဝယ်ထားမှဖြစ်မယ်။ သူနေမကောင်းတော့သာ ပြုစုပေးရတာ ကိုယ်သာဖြစ်ရင် ပစ်ထားမယ့်လူကြီး။ ခနနေတော့ တာရာ အဝါရောင်ဆွယ်တာလေးနဲ့ ချည်ဘောင်းဘီအနီလေးကိုဝတ်ပီး အိတ်လေးလွယ်ကာ အခန်းထဲက ထွက်လာတော့ ကုတင်ပေါ်ခြေဆင်းထိုင်ကာ သူမကို ဘယ်လဲ ဟူသော အကြည့် ပွင့်ပွင့်လင်းလင်းပြောရရင် မကြည်ကြည့်နဲ့ ကြည့်နေတဲ့ ဟိုလူကြီး
"ဟို....ဦးနေမင်းမဟာ ခိုင်းစရာမရှိသေးရင် ရာရာအပြင်ခနလောက်သွားချင်လို့"
"ဘာကိစ္စလဲ"
"ရာရာ စားဖို့သောက်ဖို့ ဝယ်မလို့ပါ"
"အိမ်မှာရှိတာတွေက ကုန်ပီလား"
"မကုန်သေးပါဘူး ခုက ရာရာ့အတွက်ပါ"
ဆိုလိုချင်တာက သူမက ဒီအိမ်ကအစားစာတွေမစားဘူးပေါ့။ လူလေးက လက်တောက်လောက်နဲ့ဘာတွေ မာနကြီးနေလဲမသိ။ မကြည်သာမကြည်တာပါ အစားအစာလောက်ထိ လိုက်တွန့်တိုတတ်တဲ့ထဲတော့ သူ မပါပေ။ သူအိမ်ပြန်မစားလဲ ဒီတိုင်းတောင် အိမ်ကလူတွေ သူ့ဘာသာသူချက်ပြုတ်စားနေကြတာ သူမ ဝင်စားလို့လဲ ထွေထူးပြီး အပိုရယ်ကုန်မနေတော့။ သို့ပေမယ့်လဲ ကိုယ်ကစခေါ်ပီး အိမ်မှာပဲစားပါဘာညာလဲမပြောချင်တာမလို့ သွားချင်သွားပေါ့ဟူသော ပုံနဲ့ ကြည့်လက်စ laptop ကိုပဲ အကြည့်ပြန်လွှဲလိုက်သည်။
ဟိုလူ့ဆီက ဘာသံမှမကြားတော့ ရာရာ လွယ်ထားတဲ့ အိတ်ကြိုးလေးကို လက်နှစ်ဖက်ဖြင့်ဆုတ်ကိုင်တာ ထွက်လာလိုက်တယ်။
နေလဲသိပ်မကောင်းချင်တာမလို့ သိပ်လဲဝေးဝေးမသွားနိုင်။ ရာသီဥတုက အဲ့လောက်မအေးပေမယ့် လူက ချမ်းစိမ့်စိမ့်ရယ်။ သူတို့ရပ်ကွက်ထဲကထွက်ပီး ခပ်လှမ်းလှမ်းက ဆေးဆိုင်ကနေ လိုတဲ့ဆေးတချို့ဝယ်... တဆိုင်ကျော်က မုန့်ဆိုင်ကနေ မုန့်တွေဝယ်ကာ အိမ်အမြန်ပြန်လာလိုက်သည်။ ဟိုလူကနေကောင်းသေးတာမဟုတ်။ မူးလဲဘာလဲဆို ခက်နေမယ်။ သူမကသာ စိုးရိမ်နေတာ ဟိုက ကျားကိုးစီးစားမကုန်နိုင်လောက်ဘူးရယ်။
နာရီဝက်လောက်ကြာတော့ ငတိမ အထုတ်တွေနဲ့ပြန်လာပီး သူ့အခန်းထဲထည့်ကာ အောက်ပြန်ဆင်းသွားလေရဲ့..ခနအကြာကြ ပြန်တက်လာပီး
"ကြက်ပေါင်းထားတယ် သောက်ကြည့်မလား"
"မင်း ပေါင်းတာလား"
"အင်း တခါမှတော့ မပေါင်းဖူးပေမယ့် အဆင်ပြေမယ်ထင်တာပဲ"
သူမကို မယုံသလိုလိုနဲ့ နှခေါင်းကုတ်ကာ တွေဝေနေတဲ့သူ့ကို ဇွတ်အတင်းသောက်ပါလို့လဲ မပြောရဲ...တော်ကြာ အရသာက ဆိုးနေမှ အော်ခံနေရဦးမယ်။ ကိုယ်ပေါင်းထားတာမှန်ပေမယ့် မြည်းမကြည့်ချင်လို့ ဘာအရသာရှိမယ်တော့မသိ။
"သောက်မလား ယူခဲ့ရမလား"
"အင်း မသောက်ခင် ရေချိုးချင်တယ်"
"အော် ဟုတ် ဟုတ် ရေပူရေအေး စပ်လိုက်မယ်"
သူမပြောပြောဆိုဆိုနဲ့ ရေချိုးခန်းထဲဝင်သွားပီး ခနအကြာပြန်ထွက်လာကာ
"ရပီချိုးလို့ မြန်မြန်တော့ချိုးနော် ပြန်ဖျားနေမယ်"
"မင်း တအားလျှာရှည်တာပဲ ငါသိတယ်"
သူလဲသက်သာသလောက်ရှိနေပီမလို့ အကျီထုတ်ပေးထားပီး ကြက်ပေါင်းပန်ကန်ဆင်းယူကာ ပြန်တက်လာတော့ ဟိုလူက အကျီပင်လဲပီးနေပီ.....
"ကြက်ပေါင်းလေး သောက်လိုက်ပါဦး"
ဘာမှပြန်မပြောဘဲ ပေးတဲ့ ကြက်ပေါင်းပန်းကန်ကိုပဲယူသောက်ကာ laptop တလုံးနဲ့အလုပ်လုပ်နေလိုက်သည်။ ပြောထားလို့လားမသိ လုပ်ပေးစရာရှိတာလုပ်ပေးပီးသည်နှင့် အပြင်ထွက်ထွက်သွားသောငတိမ ခနတိုင်းတော့ အသီးလာပေးလိုက် အသီးဖျော်ရည်လာပေးလိုက်နှင့် တက်တက်တော့လာသည် ပီးရင်တော့ ပြန်ထွက်ထွက်သွားသည်သာ။
ဒီလိုနဲ့ပဲ ၃ ရက်မြောက်လောက်ကျ မဟာခံစားနေရတာတွေ အကုန်ကိုပျောက်လုနီးပါးဖြစ်သွားပီ။ မနေ့ထဲက ငတိမကိုသိပ်မတွေ့ အစားအသောက်ပို့ပေးချိန်ကလွဲရင် သိပ်မမြင်ရ....မမြင်ရတော့လဲ မျက်စိနောက်တော့သက်သာတာပေါ့....

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now