𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟹《 LED နေကြာပန်းမီးအိမ် 》

5.1K 739 10
                                    

My Cherry Will Explode in the Apocalypse

Chapter 53《 LED နေကြာပန်းမီးအိမ် 》

Author: Drunken Light Song
Source: Jostena M
Editors: playerprophet & Callis
Translator: オタク

【 Unicode 】

ကျန့်ယွင်နှင့် စုရွေ့ကျယ်တို့ အနားယူသည့်နေရာသို့ ပြန်ရောက်လာကြချိန်တွင် ကျန့်ကျားဟယ်သည် သူ့ဖုန်းနှင့် Plants vs Zombies ဂိမ်းကိုကစားနေလေ၏။ ချန်းချီသည် သူ့နားတွင်ထိုင်ကာ သူကစားနေသည်ကိုစောင့်ကြည့်နေလေ၏။ တချို့အချိန်များတွင် ကောင်းမွန်သောအပြုအမူဖြင့် စကားအနည်းငယ်ပြောနေခဲ့၏။

"ရှောင်ကျယ်၊ မင်းပြန်လာပြီလား? ငါမင်းကို ပြောစရာတချို့ရှိတယ်! "

ကျန့်ကျားဟယ်သည် စုရွေ့ကျယ်ပြန်ရောက်လာသည်ကို မြင်လိုက်ရသောအခါ သူသည် စိတ်လှာပ်ရှားစွာဖြင့် ချက်ချင်းထပြီး အပြင်ဘက်သို့ ဦးဆောင်သွားလေ၏။

စုရွေ့ကျယ်သည် ကူရာမဲ့စွာ လမ်းတလျှောက်ဆွဲခေါ်ခံလာရပြီး သိလိုစွာမေးလိုက်၏။

"ဘာမှားနေလို့လဲ? မင်းက ဘာလို့အရမ်းစိတ်လှုပ်ရှားနေတာလဲ? "

ကျန့်ကျားဟယ်သည် စုရွေ့ကျယ်အား လူမရှိသည့် လျှောက်လမ်းတစ်ခုဆီသို့ ဆွဲခေါ်သွားလေ၏။ သူသည် သူ့ဖုန်းအားထုတ်ယူလိုက်ပြီး ရရှိထားသောရတနာတစ်ခုကဲ့သို့ သူရှေ့တွင်ကိုင်ထားပြီး ဂိမ်းစာမျက်နှာကိုဖွင့်လိုက်ပြီးနောက် အပင်ဇယားကိုဖွင့်လိုက်လေ၏။

"ကြည့်! ငါဒီဂိမ်းကိုအခုလေးတင်ကစားနေပြီးတော့ အဲ့အထဲမှာ ရန်လိုတဲ့အပင်အမျိုးအစားအများရှိရှိနေတာကိုတွေ့လိုက်တယ်။ မင်းဒီဂိမ်းကို ကစားဖူးလား?"

စုရွေ့ကျယ်သည် ရင်းနှီးနေသည့် ဂိမ်းစာမျက်နှာကိုမြင်သောအခါ ခေါင်းညိတ်လိုက်၏။

"အင်း၊ အဲ့ဒါက အရင်ကကျွန်တော်ကစားဖူးတဲ့ တစ်ခုတည်းသောဂိမ်းပဲ "

စုရွေ့ကျယ်သည် ထိုတုနှိုင်းမရသည့်ဂိမ်း၏ ကောင်းမွန်သောအမှတ်တရရှိခဲ့လေသည်။ ၎င်းသည် သူ့စွမ်းအားများ၏ ထူးခြားသောသဘောသဘာ၀သည် ထိုဂိမ်းနှင့် တစ်စုံတစ်ခု ပတ်သတ်မှုရှိကောင်းရှိနိုင်‌သည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now