Chapter-47
5.6K 924 1
Zawgyi
ကလီနာဟာ အလင်းဘုန်းတော်ကြီးတွေကိုကြည့်လိုက်ပြနောက်မှာ သူမလက်စွပ်ကို ဖွဖွလေးပွတ်လိုက်သည်၊ထိုနောက်မှာ သူမကိုယ်ထဲမှား စွမ်းအင်တစ်ခုစီးဆင်းသွားပြီး အလင်းစွမ်းအင်ဒဏ်ကို ခဲနိုင်ရည်ရှိလာတော့တယ်၊
ဒိုင်နာရာကတော့ အနည်းငယ်နာကျင်မှုကို ပြပြီးနောက်မှာ သူမကိုယ်ထဲကနေ ကြီးမားတဲ့အမှောင်စွမ်းအင်ထွက်ပေါ်လာကာ နတ်ဆိုးတစ်ကောင်လို အော်ဟစ်လာပြီး ပျက်စီးကာပျောက်ကွယ်သွားတော့သည်၊ထိုအခါမှ ဒိုင်နာရာရဲ့စိမ်းလဲ့လဲ့မျက်ဝန်းတွေဟာ ပြန်လည်ကြည်လင်ကာတောက်ပလာတော့သည်၊
သူမဟာ ပတ်ဝန်းကျင်ကို ကြည့်ကာကြောင်ပနေတော့သည်၊သူမကိုယ်ပေါ်မှာလည်း တရားခံတွေကို ခတ်ထားတဲ့လက်ထိပ်တွေကို တွေ့နေရပြီး သူမဟာ အနည်းငယ်အံ့အောနေတဲ့အသံဖြင့် မေးလာတော့သည်။
"ကျွန်မ ဘယ်လိုဖြစ်ပြီး ဒီရောက်နေတာလဲ" စဝင်လာတုန်းကလို ဖြူဖျော့ဖျော့မျက်နှာဟာ သွေးရောင်ပြန်လွှမ်းလာပြီး အပြုအမူတွေကအစအသက်ဝင်လာတော့သည်၊ပီုယဲမျော့ရဲ့ထိန်းချုပ်မှုဟာ တကယ်ပင်ကြောက်စရာကောင်းလှတာ အမှန်ပင်၊
"အမေ" ဆိုရက်စ်ဟာ သူ့မိခင်ကိုခေါ်လိုက်တော့သည်၊သူ့မိခင်ဟာ သူ့ကိုမြင်တော့ အနည်းငယ်အံ့အောသွားပုံရပြီး တစ်ခုခုမေးလိုက်ချင်ပေမယ့် စစ်ဆေးမေးမြန်းတဲ့သူတွေကြောင့် သူမဟာ ဘာမှမပြောလိုက်မိပေ၊
စစ်ဆေးမေးမြန်းတဲ့သူတွေဟာ ဒိုင်နာရာစကားကြောင့် ခေါင်းခါယမ်းမိသည်၊ထင်သည့်အတိုင်းပင် ပီုယဲမျော့ဆီကနေ ထိန်းချုပ်ချိန်ကစပြီး နောက်ပိုင်းမှတ်ဥာဏ်တွေဟာ လုံးဝကိုမရှိပေ၊
"တရားခံဒိုင်နာရာဟာ တစ်စုံတစ်ယောက်ရဲ့ထိန်းချုပ်မှုကြောင့် မတရားစွပ်စွဲခံရတဲ့သက်သေတွေ ရရှိခဲ့တယ် ဒါကြောင့် တရားစီရင်ချမှတ်ရေးအဖွဲ့က ချမှတ်လိုက်တယ်" တရားသူကြီးမင်းဟာ ဒိုင်နာရာကို ကြည့်လိုက်ပြီး အမှုကို ချမှတ်လိုက်တော့သည်၊
"သုံးနှစ်တိတိ အလင်းနန်းတော်မှာ အကျယ်ချုပ်ကျခံစေ" ဒါဟာ ဒိုင်နာရာကိုယ်ထဲက အမှောင်စွမ်းအင်ကြောင့်ဖြစ်တယ်၊လူသားတွေကိုယ်ထဲမှာ ထိုစွမ်းအင်ကပ်ငြိသွားရင် ပြန်ကုသဖို့ဟာ အလင်းနတ်ဘုရားကို ပူဇော်ပသတဲ့ကျောင်းဆောင်တွင်မှာ သုံးနှစ်ကနေ ငါးနှစ်ထိ ကုသမှ သန့်စင်သွားမည်ဖြစ်သည်။