အခန်း(၄၉၆)

1K 104 17
                                        

အခန်း(၄၉၆)

စွဲလမ်းမှု။






မကြာသေးမီက ပေါက်ကွဲမှုကြောင့် နန်းတော်တစ်ခုလုံး တင်းမာမှုများ မြင့်တက်နေသော်လည်း Mu Liuyue မှာ လူတိုင်းထက်မဆို ပိုမိုထိတ်လန့်နေခဲ့သည်။ သူမက အရှေ့နန်းဆောင်သို့ ပထမဆုံးလက်ထပ်ဝင်လာချိန်တွင်  ခင်ပွန်းသည်အား နှုတ်ဆက်ရန်မျှော်လင့်ချက်ဖြင့် တံခါးများရှေ့တွင် ညအတော်ကြာ အချိန်ကုန်လေ့ရှိသည်။ နောက်ပိုင်းတွင် သူမက သူ့အပေါ် မျှော်လင့်ချက်များ ပျောက်ဆုံးလာကာ စောင့်ဆိုင်းနေခြင်း လုံးဝရပ်တန့်ခဲ့သည်။ သို့သော် ယနေ့ညတွင် သူမက ထပ်မံ၍ တဝဲလည်လည် လုပ်နေပြန်သည်။  ဤတစ်ကြိမ်တွင် သူမက သတင်းရယူရန် စေလွှတ်လိုက်သော မားမားအား စောင့်မျှော်နေခြင်း ဖြစ်သည်။

ဘာလို့ ​စေ့စေ့စပ်စပ် လေ့ကျင့်ခံထားရတဲ့ တင်းကျပ်ပြီး ဘက်မလိုက်ရမယ့် နန်းတော်အစောင့်တွေက  ရုတ်တရက် သစ္စာဖောက် ဖြစ်သွားရတာလဲ။ Mu Qingwu က  ဘာကြောင့် သူတို့ကို တွေ့တာနဲ့ တပ်မှူးလေးကို ဓားနဲ့ ထိုးသတ်လိုက်ပြီး အိမ်ရှေ့စံရဲ့ မေးခွန်းတွေကို ရှောင်နေရတာဖြစ်မလဲ။

အကြောင်းမှာ ထိုတပ်မှူးလေးမှာ  မူမျိုးနွယ်တပ်သားအဆင့်မှ ရာထူးတိုးခဲ့ခြင်းကြောင့်ပင်။ သူက မျိုးနွယ်စုအိမ်တော်တွင် နေထိုင်စဉ်အတွင်း Mu Liuyue ၏ ဗိုလ်ကျချယ်လှယ်မှုအား အမြဲတစေခံရကာ အပြစ်ပေးခံရသည့်တိုင်အောင် သူမအမိန့်အား ကျေကျေနပ်နပ်ဖြင့် လိုက်နာဆဲဖြစ်သည်။ သူ၏ တစ်ခုတည်းသော အကြောင်းပြချက်မှာ အကြီးဆုံးသခင်မလေးမူအား နှစ်သက်ခဲ့ခြင်းကြောင့်ပင်။ အသေအချာပင် သူက စစ်သူကြီး Mu အိမ်တော်အတွက် မြှုပ်နှံထားသော်လည်း အဆုံးတွင် Mu Liuyue ၏ အမိန့်ဖြင့် သစ္စာဖောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။သူရဲကောင်းတိုင်းမှာ မိန်းမလှအတွက် အားနည်းချက်ဖြစ်ကာ ပျက်စီးစေသော မိန်းမဟု ခေါ်ကြ ပြီး Mu Liuyue မှာ သူ့အတွက် ထိုကဲ့သို့ မိန်းမမျိုးဖြစ်နေသည် ။ သို့သော် သစ္စာဖောက်စစ်သားများမှာ  Han  Yunxi အား မသတ်နိုင်လျှင် Mu Liuyue မှာ  ထိတ်လန့်နေတော့သည်။ သူမက ယခုတွင် ပေါက်ကွဲမှုရလဒ်အား စောင့်နေခြင်း ဖြစ်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now