56.1

13.7K 2.3K 74
                                    

Unicode

မိုးလင်းသည်ထိ နှစ်ယောက်သား ကြင်ကြင်နာနာပွေ့ဖက်ရင်း စကားစမြည်ပြောနေကြ၏။ ထိုမှသာ ရှီယွင်နန်တစ်ယောက် ငိုက်မျဉ်းလာတော့လေသည်။

သူနိုးလာတော့ ညနေငါးနာရီတောင်ထိုးနေပြီဖြစ်၏။

ရှီယွင်နန်မှာ ခါးနာမပျောက်သေးတာကို အောင့်အည်းရင်း ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။ ရေချိုးခန်းထဲမှ ထွက်လာသည်နှင့်တပြိုင်နက် တံခါးခေါက်သံကိုကြားလိုက်ရလေသည်။

"ရှောင်ရှူးရှူး!"

ချိုသာပြီး ချွဲအီနေတဲ့ အသံလေးကြောင့် တံခါးခေါက်လာသူမှာ သူ့ရဲ့ချစ်စရာပေါင်ပေ့လေးမှန်း သူတပ်အပ်ပြောနိုင်သည်။

ရှီယွင်နန် တံခါးဖွင့်လိုက်တော့ ရွှေငါးလေးက ကိတ်မုန့်သေးသေးလေးကို ကိုင်ထားလေသည်။

"ရှောင်ရှုးရှူး သားဆုရလာတယ်"

"ဒီနေ့ ဘာလို့ ကျောင်းအစောကြီးဆင်းတာလဲ? ဖိုးဖိုးချင် ဝယ်လာပေးတာလား?"

ရွှေငါးလေးက ကိတ်မုန့်လေးကို လက်နှစ်ဖက်ဖြင့် ကိုင်လာပြီး ဆိုဖာဘေးရှိ ကော်ဖီစားပွဲနားဆီပြေးသွားသည်။ "ဒီနေ့က ကျူရှင်ပိတ်ရက်လေ။ သားတော်လို့ဆိုပြီး ကျောင်းကဆရာမက ဒီကိတ်မုန့်လေးကို ဆုချတာ။"

ရှီယွင်နန်လည်း ဆိုဖာဆီနား လျှောက်သွားလိုက်ကာ ပေါ့ပေါ့ပါးပါး ထိုင်ချလိုက်သည်။

ရွှေငါးလေးက ကိတ်မုန့်ဘူးလေးကိုဖွင့်ပြီး ခက်ရင်းနှင့်ယူလိုက်ကာ ရှီယွင်နန်ပါးစပ်နားဆီ ဂရုတစိုက်သယ်ပေးလာသည်။ "ရှောင်ရှူးရှူး၊ အာ~"

ရှီယွင်နန်ရဲ့ နှလုံးသားလေးမှာ သူ့ရဲ့ချစ်စဖွယ်အမူယာလေးကြောင့် ပျော့ခွေ့သွားရပြီး သူက အမြန်ပူးပေါင်းလိုက်သည်။ "ကျေးဇူးပါပေါင်ပေ့"

"စားကောင်းလား?" ရွှေငါးလေးက မျှော်လင့်တကြီးမေးလာသည်။

"အရမ်းစားကောင်းတယ်။"

သူအိပ်နေတာကြောင့် မနက်စာနဲ့နေ့လည်စာလွတ်သွားကာ အခုချိန် အရမ်းဗိုက်ဆာနေသည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now