4

10.9K 774 74
                                    

Unicode Version

"မောင်နိုးလာပြီလား "

"အင်း "

အခန်းထဲကနေထွက်လာတဲ့ ရိပေါ်က သူ့စကားကို
'အင်း' တစ်လုံးသာပြောပြီး တုံ့ပြန်လာသည်။
ဒီနေ့မှာတော့ ရိပေါ်က အရင်လို ဂျင်းဘောင်းဘီ အကြပ်အပြဲတွေ၊ လက်ပတ်ကွင်းတွေ၊နားကပ်တွေမဝတ်ထားဘဲ ရင်ဘက်မှာ Chinaလို့ရေးထားတဲ့shirtလက်တို
အမဲရောင်ကို အောက်ကဘောင်းဘီအတိုအမဲနဲ့တွဲဝတ်ထားပြီး
ရုပ်ကမှုန်ကုတ်ကုတ်နဲ့ဖြစ်၏။ ဒါပေမဲ့လည်း ရုပ်ခံလေး ရှိနေလို့ထင် သူ့ရဲ့မျိုးသားဟာ ဘာဘဲဝတ်ဝတ် ဘယ်လိုဘဲနေနေ ကြည့်ကောင်းနေပြန်သည်မို့
ရှောင်းကျန့် စိတ်ပူရပြန်သည်။

မတော်လို့ ကောင်မလေးတစ်ယောက်ယောက်ကများ
သူ့ယောကျ်ားကို အပိုင်ဖမ်းသွားရင် ရင်ကျိုးရချည်ရဲ့။

"ဟဲ့ ရိပေါ် ထိုင်ရင်လည်းထိုင်တာမဟုတ်ဘူး
ကွတကွတနဲ့ဘာဖြစ်နေတာလဲ "

အခန်းထဲက ထွက်လာကတည်းက မထိုင်ဘဲ
ဘောင်းဘီကိုကိုင်ပြီး ကွတကွတလုပ်နေတဲ့ ရိပေါ်ကို
ဒေါ်ကျန်းမေ မျက်စိနောက်လာသည်။
အလိုလိုမှ တည်ပါတယ်ဆိုတဲ့ရုပ်ကလည်း
မျက်မှောင်ကြီးကျုံ့နေတာမို့ ပိုကြောက်ဖို့ကောင်းနေ၏။

တကယ်ပါ ဒီကောင်လေးက အသက်22သာဆိုတယ်
ရုပ်က28နှစ် ရှောင်းကျန့်ထက်ပိုရင့်ကျက်နေသလို။
ဒါပေမဲ့လည်း ရယ်လိုက်ရင်တော့ သူ့တူက ကလေးလေးလိုဘဲ
ချစ်ဖို့ကောင်းသည်။ ခက်တာက သူ့သွား ဘယ်နှစ်ချောင်းရှိလဲဆိုတာကို
အဒေါ်ဖြစ်တဲ့သူကိုယ်တိုင်တောင်သေချာမသိ။

"ကျစ်! ကြီးမေ မသိပါဘူးဗျာ "

မှုန်ကုတ်ကုတ်နဲ့ ပြန်ဖြေလာပုံက ခပ်စပ်စပ်လေးရိုက်ပစ်ဖို့
ကောင်းနေသည်။

"ဘာလဲ ကွတကွတနဲ့လိပ်ခေါင်းဖြစ်နေလို့လား"

စောစောစီးစီး စကားအခြေအတင်များနေကြတဲ့ တူရီးနှစ်ယောက်ကြား ဝင်မပြောဘဲ နားထောင်နေရင်းမှ
ရိပေါ်ပုံစံကို တစ်ချက်အကဲခတ်လိုက်မိသည်။

ဘောင်းဘီရှေ့အစကို လက်နဲ့ထိန်းကိုင်ထားပြီး မထိုင်ဘဲကွတကွတဖြစ်နေတဲ့ ရိပေါ်ပုံစံက ထူးဆန်းနေတာတော့ အမှန်ပင်။ ကြည့်နေရင်း
ရုတ်တရက်ဆိုသလို ညကအကြောင်းကို
သတိရသွားပြီး ရှောင်းကျန့် မျက်လုံးပြူးသွားသည်။
ရိပေါ်ဒီလိုတောင်ဖြစ်နေတယ်ဆိုတော့
တော်တော်အခြေအနေဆိုးနေလို့များလား။

My very bad husband  belong to meWhere stories live. Discover now