Comlpete တစ်နှစ်ပြည့် အထူး အချပ်ပို (Comlpete တစ်နှစ်ပြည့် အထူး အခ်ပ္ပို)
2.1K 140 20
Complete တစ်နှစ်ပြည့် အထူး အချပ်ပို
" ဖေ့ စွပ် စွပ် "
ဘေဘီလုံး တစ်ယောက် ဖုန်းကို လက်သေးသေးလေး နှစ်ဖက်နှင့် ကိုင်ပြီး အိမ်သာ တက်နေသော သူ့ဖေကို ဖုန်းစခရင်မှ ပုံကို အတင်း ထိုးပြနေသည်။
လွန်းက သား ပြတာကို မကြည့်တော့ ဘေဘီလုံးက သူ့ဖေ၏ခြေသလုံးဖက်ကာ ဖင်လေး လှုပ်ရမ်းပြီး အိမ်သာတက်နေသော သူ့ဖေကို အတင်းတွေ ပြနေသည်။
" ခဏလေး ဖေ ပြီးအောင် အီးအီး ပါ,ပါရစေအုံး "
" နိုး ကြည့် "
ဘေဘီလုံး အိမ်သာနေသည်ကို မရဘဲ အတင်း သူ မျက်စိကျနေသော ဖုန်းစခရင်မှဓာတ်ပုံကို အတင်းပြကာ သူ လိုချင်နေကြောင်း အတင်းကို ပြောနေသည်။
" လုံး ကြိုက် စွပ် စွပ် "
" အင်း အင်း ခဏ ဖေ ကြည့်ပေးမယ် "
အတင်းတွေ ပြနေသဖြင့် လွန်း မျက်လုံးစွေကာ ကြည့်လိုက်ရသည်။ အရောင်းဝက်ဆိုက်တစ်ခုက သူတို့ပစ္စည်းကို အလွန်ကို ဖော်ပြထားသည်။
" ဖေ့ လုံး ကြိုက် "
ဘေဘီလုံး မျက်နှာငယ်လေးဖြင့် သူ ကြိုက်လွန်းလို့ လိုချင်နေကြောင်းကို ပြောပြနေသည်။ လွန်း အိမ်သာ တက်ရတာကို ဖြောင့်ဖြောင့် မတက်ရ။ ဘေဘီလုံးတို့က လိုချင်ရင် ဇွတ်အတင်းပဲ။
သူတို့ကလည်း သားတစ်ယောက်ပဲ ရှိတယ်ဆိုပြီး အလိုလိုက်ထားတော့ သားက ဆိုးချင်သည်။ ဖင်ကို ခပ်ဆတ်ဆတ်လေး ရိုက်လိုက်ရင် အာဗြဲကြီးနဲ့ ထငိုအုံးမည်။
အခုလည်း သူ့ ပြောမရလျှင် သူ့ဒယ်ဒီကို သွားပြောမှာ မလွဲဧကန်မုချပင်။ သို့ပေမဲ့ ဟိုတလောလေးက သားက ဘယက်တစ်ခု သဘောကျတယ်ဆိုလို့ သူ့ဒယ်ဒီက ဝယ်ပေးထားသေးသည်။
ကိုအတတ်က သူ့ချစ်ချစ် ပေးဖို့တဲ့။ လူကြည့်တော့ လက်တောက်လောက်လေး ရှိသေးတယ်။ ဒါကို ချစ်ချစ်တွေဘာတွေနှင့် အလွန်ကို စကားတတ်လွန်းသည်။
သူ့ဒယ်ဒီကလည်း သူ့သား လိုချင်တော့ နှစ်ခါ မပြောရ ပြောလိုက်တာနှင့် တန်းဝယ်ပေးသည်။ ဒီတစ်ခါတော့ ဝယ်ပေးမည် မဟုတ်။ အရင်တစ်ခါက မောင့်ပိုက်ဆံအိတ် တော်တော်ထိသွားသည်။