အခန်း ၂၂

3.9K 375 28
                                    

သီရိမြိုင်စံအိမ်တော်ရှိ မြိုင်နှင့်ကိုမြင့်မောင်တို့၏ မင်္ဂလာအိပ်ခန်း ကုတင်ပေါ်၌ မြိုင်သည် လှဲလျောင်းကာ အိပ်စက်နေပေတော့သည် ။ မြိုင့်ရဲ့ ဘေးနား၌ ကိုမြင့်မောင်ဟာ ရှိနေသည် ။ မြိုင့်ရဲ့ လက်ဖဝါးနုနုလေးကိုကိုင်လို့ သူ၏ နှုတ်ခမ်းနှင့် ထိကပ်ထားပြီး အိပ်စက်နေသည့်မြိုင့်အား လေးလံသောမျက်ဝန်းများနှင့် ကြည့်နေတော့သည် ။

" မြိုင် ။ နေမကောင်းမဖြစ်ပါနဲ့ မြိုင်ရယ် ။ အစ်ကို့ရဲ့ကလေးကို မြိုင်လွယ်ထားရမှန်း အစ်ကိုတကယ်မသိခဲ့ဘူးကွာ ။ အစ်ကို့ကို ခွင့်လွှတ်ပါ မြိုင်ရယ် ။ "

ဟုပြောပြီး ကျလာသောမျက်ရည်များအား မသုတ်မိဘဲ စီးကျခွင့်ပေးကာဖြင့် ငိုနေတော့သည် ။ သူ့ရဲ့ပါးကိုရိုက်ထားသော မြိုင့်ရဲ့ လက်ဖဝါးကိုဖြန့်ကာဖြင့် ပါးပြင်ထက်၌ နေရာယူခိုင်းမိတော့သည် ။

ကိုမြင့်မောင်သည် မြိုင့်ကို သိပ်ချစ်ပါသည် ။ သူကိုယ်တိုင်သည်လည်း ဘယ်သို့ကြောင့် မိန်းမပွေရှုပ်မိမှန်းကို မသိခဲ့ပါ ။ မြိုင့်ရဲ့အချစ်တွေကို ထီဆုကြီးပေါက်သလို ရထားခဲ့ပေမယ့် သူဘာ့ကြောင့် မလုံမလောက်ဖြစ်နေသည်ကိုပါ သူကိုယ်တိုင်လည်း မသိခဲ့ပါ ။ လိုပင်ဆန္ဒတွေများ မပြည့်ဝလို့များသလား ။

မြိုင့်ရဲ့လက်ဖဝါးကို နှာခေါင်းထိပ်နင့်နှုတ်ခမ်းဆီသို့ ထိကပ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်တော့သည် ။

အိပ်စက်နေရင်းမှ အိပ်မက်ဆိုးမက်သလို မျက်ရည်များကျဆင်းလာသည့် မြိုင့်အား ကိုမြင့်မောင်သည် နူးညံ့ထိတွေ့စွာဖြင့် မျက်ရည်သုတ်ပေးတော့သည် ။ မြိုင်သည် သူမရဲ့ပါးပြင်ထက်၌ ချစ်ရတဲ့အစ်ကို့ရဲ့ လက်ချောင်းသွယ်သွယ်များကို ခံစားရတော့သည်ကြောင့် မျက်ဝန်းညိုများကို ဖွင့်ဟခဲ့ပေတော့သည် ။

တလဲ့လဲ့တောက်ပနေသော မျက်ရည်ကြည်များကြားမှ ကိုမြင့်မောင်ကို စူးစိုက်ကြည့်မိတော့သည် ။ ရင်ထဲအသည်းထဲက နာသည် ။ သို့သော် အစ်ကို့ကို ချစ်သည် ။

" အဲ့မိန်းမက ။ ဘယ်သူလဲ ။ "

တစ်လုံးချင်းကို အားလျော့သည်တစ်ဖုံ အားပြည့်ကာတစ်ဖုံဖြင့် မေးခွန်းထုတ်လိုက်သော မြိုင့်ကြောင့် ကိုမြင့်မောင် အဘယ်သို့အဖြေကို ပေးရမှန်းမသိ ။ မြိုင် ကျေနပ်လောက်မည့်အဖြေကို ပေးရမလား ။ ဒီအတိုင်း အမှန်အတိုင်းလေးပဲ ပြောရမလား ဝေခွဲရခက်နေတော့သည် ။

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now