butterfly ep4

1K 28 0
                                        

(unicode )

ဘာလိုလိုနဲ့အောင်စရင်းထွက်တဲ့နေ့ရောလို့လာပြီ
မိလှတစ်ယောက်ခုထိပေါ်မလာပါလားတူတူသွားကြည့်ပါမယ်ဆိုမှ..

"ဟဲ့ရှင်းသန့်ရေ....."ပြောရင်းဆိုရင်းလာလေရဲ့အမတော်.."ဟဲ့ငါနောက်ကျသွားလို့ပါတော်ရှင့်မျက်နှာပြုံးစမ်းပအေ..."

"ပြုံးနိုင်မလားအောင်စရင်းထွက်တာကိုနင်ဘဲစိတ်မလှုပ်ရှားဘဲနောက်ကျနေတာဟဲ့..."
"အေးပါဟယ်..ကျုပ်ခုရောက်ပြီဘဲသွားမယ်လာ...ပြုံးမှပိုချစ်စရာကောင်းတယ်ဟဲ့ပြုံးတော်မူပါအကိုလေးဘုရား...."
ရှင်းသန့်မျက်နှာကကောက်နေသည်ဖြစ်လို့မိလှတစ်ယောက်သူငယ်ချင်းလေးပြုံးဖို့စနောက်လေရဲ့..အကိုကအဲ့ခါကျမှပြုံးချင်သလိုဖြစ်..

"ဟဲ့ဟဲ့....အမလေးအတင်းတေနော်ဖြေးဖြေးသွားပါဟဲ့.."မိလှမှာအော်နေလေရဲ့...ရှင်းသန့်တစ်ယောက်အတင်းတေစက်ဘီးေလးနင်းပြီးအောင်စရင်းကြည့်ဖို့ရာစိတ်လှုပ်ရှားနေရဲ့...

တီရှပ်အပြာလေးနဲ့အောက်ကချည်သားဘောင်းဘီအရှည်လေးနဲ့မျက်လုံးပြာပြာအသားဖွေးဖွေးလေးစက်ဘီးအားလှုပ်စိစိဖြင့်တတ်နိုင်သလောက်အမြန်နင်းနေတာကြည့်ရတာမြင်တဲ့သူတေအဖို့အသည်းယားစရာကောင်းလှ၏...ငယ်စဥ်ကမိဘဆုံး၍စိတ်အားငယ်တတ်လူတေကတစ်မျိုးလေးမို့စချင်နောက်ချင်လို့အမြဲငိုပြီးအပြင်မထွက်ဘူးလုပ်တဲ့ကလေးကခုတော့လိမ်မာရေးကြားရှိပြီးသိတတ်သူလေးမို့မြင်သမျှသူတေကချစ်ကြလေရဲ့.....တစ်ချို့ကတော့ခုထက်ထိ အခြောက်ကောင်....မျက်လုံးကကြောင်တောင်တောင်နဲ့လို့ပြောဆုနေကြတုန်း...

"ကျောင်းရှေ့ရောက်တော့စက်ဘီးအားအမြန်ပင်ရပ်ပြီးကျောင်းထဲသို့နှစ်ယောက်သားပြေးလေရဲ့.."
  "ဟဲ့မိလှကြည့်ပါဟ....."
"ဟဲ့ငါလဲကြည့်နေတာဘဲမမြင်ရဘူးဟပိတ်နေတယ်..နင်တိုးပါလားယောက်ကျားလေးဘဲ..."
"အေးအေး...အဆိုဒီမှာနေခဲ့ငါသွားတိုးခဲ့မယ်....ဟောတွေ့ပါပြီ....ရေးငါအောင်တယ်ဟဂုဏ်ထူးသုံးဘာသာပါတယ်ဟ....ရေး.....မလှကလဲနှစ်ဘာသာဟ....ပျော်စရာကြီးပြေးပြောမှပါအဖွားကိုလဲ..."

မိလှရှိရာသို့ပြန်ထွက်လာပြီး"မိလှရေ.......ဆိုပြီးပြေးဖက်တာ..မိလှမှာဖင်ထိုင်ရပ်သားကျလေရဲ့....ခွီး...အဟဲ..ငါအပျော်လွန်သွားလို့ပါ....အောင်တယ်ဟဂုဏ်ထူးတောင်ပါတယ်ဟ..."

Butterfly [completed] Where stories live. Discover now