57.1

13.4K 2.2K 46
                                    

Unicode

ဝမ်ရိပေမှာ ဗိုက်နာနေသည့်ဒဏ်ကို တောင်ခံကာ ရှီယွင်နန်နှင့် စကားပြောပြီးနောက်၊ သူက တဖန်အိပ်ပျော်သွားပြန်သည်။

ရှီယွင်နန် အခန်းထဲက ထွက်လာသောအခါ၊ လော့လင်းရှန်းက ကော်ရစ်တာတွင် တစ်ယောက်တည်းထိုင်နေပြီး သူ့ကိုစောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။

နှစ်ယောက်သား တစ်ယောက်နဲ့ တစ်ယောက် အကြည့်ချင်း ဆုံသွားကြ၏။ လော့လင်းရှန်းက ရှီယွင်နန်၏ မျက်လုံးရဲရဲလေးကို တွေ့လိုက်သောအခါ မျက်မှောင်ကြုတ်သွားသည်။ "ယွင်နန်၊ မင်းအစ်ကိုက ဘာပြောလိုက်လို့လဲ?"

ရှီယွင်နန်က သူ့နားလျှောက်သွားလိုက်ပြီး ကော်ရစ်တာရှိ ခုံတန်းရှည်တွင် ဝင်ထိုင်လိုက်သည်။

"... လော့လင်းရှန်း"

"ကိုယ်ရှိတယ်လေ"

လော့လင်းရှန်းက ဝီးချဲလ်ကို သူ့နဲ့ မျက်နှာချင်းဆိုက်လှည့်လိုက်ပြီး ညင်သာနူးညံ့သည့်အသံလေးနဲ့ မေးလာသည်။ "သုံးနာရီတောင် ထိုးတော့မယ်။ ပင်ပန်းနေပြီလား?"

ရှီယွင်နန် ခေါင်းခါလိုက်သည်။ "ကျွန်တော် မအိပ်ချင်ဘူး။"

အခုလေးတင် ဝမ်ရိပေဆီကနေ အတိတ်ကအကြောင်းတွေ သိလာရတာလေ၊ သူဘယ်လိုလုပ် အိပ်ပျော်နိုင်မှာလဲ?

လော့လင်းရှန်းက အလျင်စလို မမေးလာဘဲ ရှီယွင်နန်နဲ့အတူ အချိန်အတော်ကြာထိ ငြိမ်သက်တိတ်ဆိတ်နေသည်။

ခဏကြာသောအခါ၊ ရှီယွင်နန်က အာရုံကိုပြန်စုစည်းလိုက်ပြီး လော့လင်းရှန်းအား ဖြစ်ခဲ့သမျှအကြောင်းစုံကို ထုတ်ပြောလိုက်သည်။

"... ဒီကိစ္စကို ဒီအတိုင်းလွှတ်ထားလို့မရတော့ဘူး!"

ရှီယွင်နန် အသက်ပြင်းပြင်းရှူလိုက်၏။ သူ့ရင်ထဲရှိ ထိန်းချုပ်မရသည့် လက်စားချေချင်စိတ်မှာ တလိမ့်လိမ့်တက်တက်လာပြန်သည်။ "အမွေတွေကို စိတ်မဝင်စားရင်တောင် အဲ့သားအမိရခွင့်မပေးနိုင်ဘူး။"

လော့လင်းရှန်းလည်း ရှီယွင်နန်အကြံစည်က မှားယွင်းနေတယ်လို့ မခံစားရ။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now