5

10.4K 761 42
                                    

Unicode Version

ခွက်တိုက်သံ၊ပုလင်းချသံတွေနဲ့ ဆူညံနေတဲ့
ညနေခင်းတစ်ခုရဲ့ စားသောက်ဆိုင်လေး။
စားသောက်ဆိုတာထက် ဘီယာဆိုင်ဆိုရင်ပိုမှန်လေမည်။
ဆိုင်လေးက ခပ်သေးသေးဖြစ်ပြီး ရှေ့တွင်မှန်များ
ကားထားသည်မို့ ဆိုင်အပြင်ကလူတွေ
သွားလာလှုပ်ရှားနေတာကိုမြင်နေရသည်။
ထိုလေးဆိုင်လေးသည် သာမန်ဘီယာဆိုင်အသေးစား
လေးဖြစ်သည်။ ဘာမှမထူးခြားသော ထိုဆိုင်လေးသည်
ဒီနေ့တွင် အရင်နေ့များထက်ပို၍ လူစီနေသည်။
အကြောင်းကတော့ အပြုံးချိုချိုနဲ့ချစ်စရာကောင်းတဲ့
waiterကောင်လေးကြောင့် ဖြစ်မည်ထင်သည်။

ဆိုင်တွင်းရှိလူများ၏ အာရုံသည် အသံချိုချိုလေးနဲ့
'ကောင်းကောင်းသုံးဆောင်ပါ 'ဟုပြောလာသော
ကောင်လေးထံတွင်တည်ရှိနေသည်။ ရယ်လိုက်ရင်
ယုန်သွားလေးပေါ်လာတက်သော ကောင်လေးကို
လူများက ဝိုင်းငမ်းနေကြသည်။

ဆိုင်ထဲရှိလူတစ်ချို့ကတော့ ချစ်စရာလေးမို့ကြည့်
ကြပြီး တစ်ချို့ကတော့မီးဝင်းဝင်းတောက်နေတဲ့
တဏှာမျက်လုံးတွေနဲ့ကြည့်နေကြသည်။
သို့သော် ထိုကောင်လေးကတော့ သူတို့ကို
အာရုံစိုက်ပုံမရ သူ့အလုပ်သူသာပုံမှန်လုပ်နေသည်။

"ရှောင်းကျန့်ရေ စားပွဲနံပတ်(၆)ကခေါက်ဆွဲကြော်
ဝက်သားနဲ့တဲ့ချပေးလိုက်ပါဉီး "

"ဟုတ် အမ "

အသံချိုချိုလေးထွက်လာပြီးနောက် ကောင်လေးက
စားဖိုမှုနားသွားကာ မှာထားတာတွေကိုပြောပြနေသည်။
လက်ထဲကဗန်းကိုစားပွဲပေါ်တင်လိုက်ပြီး
နှုတ်ခမ်းပါလေးကလည်း တလှုပ်လှုပ်နဲ့မို့ချစ်စရာကောင်း
နေ၏။ ဒီလိုအပြုအမူဟာ အန္တရာယ်များလွန်းသည်
ဆိုတာတော့ ထိုကောင်လေးကသိမည့်ပုံမပေါ်။
ဒီပုံစံလေးကိုသူ့ပိုင်ရှင်ကောင်လေးမြင်ပါက
'ခင်များတော့ နာတော့မယ် 'ဟုပြောလောက်သည်
ထင်သည်။

"ကောင်းကောင်းသုံးဆောင်ပါ "

ဧည့်သည်မှာထားတာကိုချပေးပြီး ပါးစပ်ကလည်း
'ကောင်းကောင်းသုံးဆောင်ပါ' ဟုပြောလိုက်သည်။
မူပိုင် အပြုံးချိုချိုလေးကတော့ မပါမဖြစ်ပင်။

My very bad husband  belong to meWhere stories live. Discover now