9 Zawgyi

138 9 0
                                    

" ဘာကိုလဲ အမေ "

" ဒီမှာ ဒါကိုကြည့် Byun Baekhyun အမေကသားလေးတစ်ယောက်ထဲဆိုပြီး အလိုလိုက်ထားမိလို့လား . ငါနင့်ကို တင်းကျပ်တာတွေချုပ်ချယ်တာတွေလည်း မလုပ်ပါဘူး ဘာလဲ အနေနီးတဲ့သူက သား Chanyeol ပဲရှိခဲ့လို့လား Baekhyun ရယ် Narin လိုလူက ပိုသင့်တော်တယ်လို့ပြောဖို့ထက် ပိုဖြစ်သင့်တာ နင့်မှာ ဦးနှောက်မပါဘူးလား "

အမေက လက်ထဲကဖုန်းကို Baekhyun ဆီ ပေးကာ screen ပေါ်ပြေးလွှားနေသော ကိုကို့ကို သူဖွင့်ပြောမိတဲ့နေ့က ပုံရိပ်တွေကို မြင်လိုက်ရတော့မှ အမေ့မျက်နှာကို ပြန်လည်၍မော့ကြည့်မိသည် .

" တွေ့ပြီမလား ဘာလဲ ဒါကဘာသဘော Baekhyun "

" မေမေမြင်တဲ့ အတိုင်းပါပဲ သားကဘာကို ရှင်းပြပေးဖို့လိုနေဦးမှာ "

" မေမေဆိုပြီး သနားချင်အောင် လုပ်ယူပြောမနေနဲ့ နင့်အကျင့်ကို ငါကောင်းကောင်းသိတယ် ရှောင်ထွက်ချင်တိုင်း မေမေဆိုတာနဲ့ ချွဲလို့ရမယ့် ကိစ္စတွေထဲ ဒီကိစ္စမပါတာ နင်သိတယ် လေးလေးနက်နက်နဲ့ Chanyeol ကသာ အခုလိုမငြင်းရင် ဘယ်လိုတောင်ဖြစ်နေလိုက်မလဲ "

" အခုလည်း အမေဖြစ်ချင်သလို ကိုကိုက ငြင်းထားတာမို့ စိတ်ပူစရာမရှိတော့ပါဘူး "

" ပူရတယ်ဟဲ့ နင့်ပုံစံကို နင်ကြည့်ဦး စာမေးပွဲပြီးကတည်းက တခွေခွေနဲ့နေလာတာ စာမေးပွဲကရော အောင်မှာလား ဟမ် ဒီကိစ္စကို အခုနင်နေမကောင်းသေးလို့ ခဏထားလိုက်မယ် စာမေးပွဲရလဒ်ကို ကြည့်ပြီး စကားဆက်ပြောရဦးမယ် "

" အဲ့တာဆိုလည်း သားအခုအိပ်တော့မှာ "

" အေး အိပ် ဒီကိစ္စပြီးပြီမထင်နဲ့နော် လောလောဆယ် နင်နေမကောင်း​သေးလို့ ဘာမှဆက်မပြောတော့တာ အိပ်စရာရှိတာအိပ် ဖုန်းကိုကလိမနေနဲ့ ငြင်းထားတဲ့သူကိုလည်း သွားမနှောက်ယှက်နဲ့ "

" ..... "

အမေထွက်သွားတော့မှ Baekhyun တစ်ယောက် ကုတင်ပေါ် ခြေပစ်လက်ပစ်ပြန်လှဲချကာ မျက်လုံးလေးတွေမှိတ်လိုက်သည်ဆိုရင်ပဲ မျက်ရည်စီးကြောင်းလေးက ပါးနုနုလေးထက် စီးဆင်းသွားတော့သည် . ဒီရက်ပိုင်းမှ ထိခိုက်လွယ်နေလိုက်တာ နှလုံးသားလေးရယ်လို့ တွေးမိတော့ ကိုယ့်ကိုယ်ကိုယ် မျက်ရည်တွေကြားက ရယ်မိသေးသည် .

𝗜𝘁'𝘀 𝗻𝗼𝘁 𝗼𝘂𝗿 𝗕𝗹𝗶𝗻𝗱 𝗗𝗮𝘁𝗲 ( ᶜᴴᴬᴺᴮᴬᴱᴷ ) ᶜᴼᴹᴾᴸᴱᵀᴱᴰWhere stories live. Discover now