{56}

5K 850 63
                                    

Unicode




စားသောက်ကြပြီးသည်နှင့် ကျိချင်းကျိုးက ခရီးဆောင်အိတ်ကို ထုတ်ပိုး၍ ချူချန်ကတော့ လေဆိပ်လိုက်ပို့ပေးသည်။ရက်၂၀ကျော်ကြာမှာဖြစ်သည့်အတွက် ကျိချင်းကျိုးက ထိုလူကို နမ်းသွားချင်သော်လည်း သူ့ဘက်ကစပြီး မထိရဘူးဆိုတဲ့ ချူချန်၏ တောင်းဆိုမှုကြီးကြောင့် goodbye လို့သာပြောလိုက်တော့သည်။ချူချန်ကမူ သူ့ကို သေသေချာချာလေးအနားယူဖို့ပြောလိုက်ပြီး ထိုသူ ကားထဲမှထွက်၍ လေဆိပ်ထဲဝင်သွားသည်အထိစောင့်ကြည့်နေခဲ့သည်။

ကျိချင်းကျိုး ရိုက်ကူးရေးလုပ်ရသည့် နှစ်ရက်မြောက်နေ့တွင် လင်းလော့ယန် ရဲ့ တစ်ဦးတည်းပိုစတာရိုက်ရပြီး လျန်ကျင်းရှင်နဲ့လည်း စုံတွဲပိုစတာရိုက်ရသည်။ရိုက်ကူးရေးအဖွဲ့ဘက်က တရားဝင်ကြေညာချက်အား အလောတကြီးထုတ်ခဲ့ဘဲ ခပ်လျှိုလျှိုပဲဆက်ရိုက်ခဲ့ကြသည်။

ဒီဇာတ်ကားရဲ့အဖွဲ့တစ်ခုလုံးက တအားတော်ကြသည်။ခေါင်းဆောင်မင်းသားလျန်ကျင်းရှင်အပြင် ခေါင်းဆောင်မင်းသမီး ဝူချိုင်ဝမ် ကလည်း အရင်တုန်းက အကောင်းဆုံးဇာတ်ပို့မင်းသမီးရွှေတံဆိပ်ဆုကိုရထားသူဖြစ်သည်။ဒုတိယခေါင်းဆောင်မင်းသား ဟယ့်ဝမ်က ဒါရိုက်တာကြီး၏ဖဲချပ်အရံဇာတ်ကောင် ခဲ့ယွီ ဖြစ်ပြီး တစ်ခြားသရုပ်ဆောင်တွေကလည်း တအားတော်ကြသည်။ကျိချင်းကျိုးက ဒီအခွင့်အရေးအားအထူးတန်ဖိုးထား၏။သူရဲ့ အချိန်အများစုကို ရိုက်ကွင်းမှာပဲကုန်ဆုံးကာ သူတို့သရုပ်ဆောင်တာတွေကြည့်တယ်။ဒါရိုက်တာရဲ့ သင်ကြားမှုတွေကိုနားထောင်တယ်။ကျန်တဲ့အချိန်တွေကိုတော့ ဇာတ်ညွှန်းဖတ်ရင်းကုန်ဆုံးဖြစ်လေသည်။

ဇာတ်ညွှန်းတစ်ခုလုံး၌ လင်းလော့ယန် ၏ ဇာတ်ကောင်က နည်းနည်းလေး သရုပ်ပြမှုအပိုင်းကိုသွားသည်။

ဥပမာ - လင်းလော့ယန်ဟာ မွေးကတည်းက စကားမပြောနိုင်တာမဟုတ်ဘဲ မတော်တဆမှုတစ်ခုကြောင့် စကားမပြောနိုင်တော့တာဖြစ်သည်။ထို့ကြောင့် လင်းလော့ယန် သည် စကားပြောချင်ရင် လက်အမူအရာသုံးပြီးပြောတာထက် သူပြောချင်တဲ့စကားလုံးတွေကိုရောထွေးလိုက်သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now