{57}

4.9K 866 54
                                    

Unicode

ကျိချင်းကျိုးက ခေါင်းငုံ့ပြီး ရှောင်ချန်းကိုစာရိုက်ပြလိုက်သည်။

{ကောရဲ့ပရိသတ်တွေကို ကြာပန်းလေးတွေလို့ခေါ်တာဆို}

"ဒါပေါ့"

ရှောင်ချန်ကဖြေလာသည်။

"ကျိကောရောပဲ fan name စဉ်းစားရတော့မယ်"

ကျိချင်းကျိုး အကြာကြီးစဉ်းစားကြည့်ပေမယ့် ဘယ်တစ်ခုကသင့်တော်လဲမသိပေ။ထို့ကြောင့် ထိုကိစ္စကိုခဏဘေးဖယ်ထားပြီး postပဲဆက်ဖတ်နေလိုက်တော့သည်။လျန်ကျင်းရှင်ပရိသတ်တွေရဲ့ကြားဖြတ်ပါဝင်လာမှုကြောင့် ဒီ post က ချန်ကျိယွမ် ပရိသတ်တွေရဲ့ ပြဿနာရှာမှုဖြစ်သွား၏။မကြာမီပင် မားကတ်တင်းအကောင့်တွေကကြေညာလာသည်။

ကျိချင်းကျိုးသည် post ထဲမှပြန်ထွက်လိုက်ပြီး Weibo ကိုသွားကြည့်လိုက်တော့ သူနဲ့လျန်ကျင်းရှင်ရဲ့ စုံတွဲပုံကိုတွေ့လိုက်ရပြီး forwardထားတဲ့လူကလည်း တစ်သိန်းမကပေ။သူတို့ထဲက ခုနစ်သောင်းကျော်က လျန်ကျင်းရှင်ရဲ့ Weiboမှလူတွေဖြစ်သည်ပင်။ကျိချင်းကျိုး ဝင်ကြည့်လိုက်တော့ ပရိသတ်တွေက အလွန်အမင်းကို [အားးးးးးးးးး] နေကြတာတွေ့လိုက်ရ၏။

[မီ့ကောကောက ချောလိုက်တာ!!!!!! ဒီနတ်သားဆန်တဲ့မျက်နှာလေးကအစ စိတ်ကူယဉ်မင်းသားလေးကျနေတာပဲ]

[လခွမ်း! ဒီညီအစ်ကိုအတွဲက ...... တောင်းပန်ပါတယ်...... ငါထင်မိတာ.........]

[အားးး မဟုတ်ဘူးဟဲ့! ငါမလိုချင်ဘူး!!!!]

[ငါလည်း ထင်မိတာ.........]

[မှန်းဆနေကြတဲ့အစ်မတွေနိုးထတော့! ပုံတွေကြည့်လိုက်တာနဲ့ ဇာတ်သိမ်းကြီးကနှိပ်စက်မှာသိသိသာသာကြီးကို လက်လျော့လိုက်ကြစမ်းပါ ]

[အမလေးဟယ် ဇာတ်ကားထဲမှာ ရက်စက်ပလိုက်ရင်တောင် အပြင်မှာတော့ ချိုမြိန်နေကြမှာပဲနော်။ #ရှင်ကျိုး cp က ကြိုဆိုပါတယ် ညီအစ်မတို့ရေ! ]

ကျိချင်းကျိုး ထိုခေါင်းစဉ်ကိုနှိပ်ကြည့်လိုက်တော့ သူနဲ့လျန်ကျင်းရှင်မှာ CPပရိသတ်တွေရှိနေတာ အံ့ဩဖွယ်တွေ့လိုက်ရသည်။ကြောက်ဖို့ကောင်းလိုက်ကြတာ။အခုမှ ပုံထွက်တာလေ။သူ ဖုန်းကို ရှောင်ချန်းဆီပြန်ပေးလိုက်ပြီး ဇာတ်ညွှန်းပဲ ဆက်ဖတ်နေလိုက်တော့သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now