Chapter 19 - Unicode

6.7K 572 48
                                    

"ကိုယ် ချာတိတ်ရဲ့လူဖြစ်ချင်လို့"

"ဗျာ"

ဧကရာဇ်ပန်းနံ့သည်ပိုမွှေးလာသလိုခံစားရသည်။ သျှင်မင်းသန့်စိတ်ထဲတွင် အရာအားလုံးရပ်တန့်သွားသည်ဟုထင်မှတ်မိသွား၏။ အေးစိမ့်စိမ့်ခံစားချက်အစား နွေးထွေးမှုကိုခံစားလိုက်ရသော်လည်း လက်ဖျားလေးတွေက အေးစက်သွားသလိုခံစားလိုက်ရတာမို့ လက်သီးဆုပ်လိုက်မိ၏။

"ကိုယ် ချာတိတ်အပိုင်ဖြစ်ချင်တယ်"

မြင့်မြတ်ပိုင်နောင်က သူ့လက်တစ်ဖက်ကိုကိုင်ကာ ခပ်အေးအေးပင်ပြောနေသော်လည်း သျှင်မင်းသန့် ရင်ထဲတွင်ရော၊ အတွေးထဲတွင်ပါ ဗြောင်းဆန်နေပြီဖြစ်သည်။

"ဗျာ"

သျှင်မင်းသန့် ဇက်ကလေးပုသွားကာ မျက်လုံးပြူးလေးနှင့် သူ့ထက်ခေါင်းတစ်လုံးကျော်ကျော်အရပ်မြင့်သည့် မြင့်မြတ်ပိုင်နောင်ကို မော့ကြည့်ကာ အာမေဋိတ်ပြုလိုက်မိပြန်သည်။

"ကိုယ်တော့ ချစ်မိသွားပြီ ထင်တယ်"

"ဗျာ"

သျှင်မင်းသန့် မျက်လုံးလေးပေကလပ်ပေကလပ်နှင့် နောက်ထပ်တစ်ကြိမ် ဗျာလို့ပြောလိုက်မိတော့ မြင့်မြတ်ပိုင်နောင်က ခပ်ဟဟလေးတစ်ချက်ရယ်သည်။ ထိုအပြုံးတွင် သျှင်မင်းသန့်၏ ကမ္ဘာသည် တစ်လှည့်ပြန်ရှင်သန်လာခဲ့ပြီး သတိ၀င်လာခဲ့၏။

"ဦး..လေးကြီး"

"အင်း"

မြင့်မြတ်ပိုင်နောင်က သူခေါ်သည်ကို ခေါင်းတစ်ချက်ညိတ်ကာ ပြန်ထူး၏။

"တကယ် တကယ် ပြောနေတာလားဟင်"

"ဟင်"

"အခု ကျွန်တော် အဖြေရလိုက်တာလား"

မြင့်မြတ်ပိုင်နောင်ထံမှ တစ်ခါမှမမြင်ဖူးသည့် အပြုံးကို သျှင်မင်းသန့်ရလိုက်သည်။ Smile Lines တွေထင်းလာသည်အထိ၊ မျက်၀န်းတွေမှိတ်ကျသွားသည်အထိ ပြုံးပြလာသူသည် ဆောင်းဦးမနက်ခင်းနှင့်အပြိုင်ချောမောနေ၏။

ထို့နောက် ခပ်ဖြည်းဖြည်းချင်းရောက်သွားရသည့်ရင်ခွင်တစ်ခု။ နွေးထွေးသွားသည့် အသိနှင့်အတူ ခပ်ဖွဖွကလေးဖက်ထားခံလိုက်ရသူသည် အံ့သြသည့်စိတ်နှင့် အခုမြန်လာသည့်နှလုံးတစ်စုံကို ထိန်းချုပ်ထားရ၏။

HONEYWhere stories live. Discover now