7

11.6K 777 49
                                    

Unicode Version

"​ညီလေး ဒီဝိုင်းဘယ်လောက်ကျလဲ "

"ခေါက်ဆွဲကြော်က ဝက်သားနဲ့ကယွမ်၄၀၊
ဘီယာကယွမ်၁၀၀၊ ကစွန်းပလိန်းကယွမ်၁၀၊
ကြက်သားသုတ်ကယွမ်၃၀
စုစုပေါင်း ယွမ်၁၈၀ပါဗျ "

"ရော့ ညီလေး ဒီမှာယွမ်၂၀၀ ပိုတာပြန်မအမ်းနဲ့
ဘောက်ဆူးယူထားလိုက်တော့ "

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျ "

အလုပ်နောက်ဆုံးရက်မလို့ ရှောင်းကျန့်တက်ကြွ
နေသည်။ ဒီနေ့ပြီးရင်ဒုတိယတစ်ပတ်လည်းပြည့်ပြီမို့
အချိန်ပိုင်းကြေးထပ်ရဉီးမည်။ ရတဲ့အချိန်ပိုင်ကြေး
လေးရယ်ဟိုနေ့က အကြွေးဆပ်ပြီး ပိုတာရယ်ဆို
ရိပေါ်အတွက် ဖိနပ်ကောင်းကောင်းတစ်ရံတော့
ဝယ်ပေးနိုင်မည်။ ရှောင်းကျန့်ကိုယ့်အတွေးနဲ့ကိုယ် ပြုံးလိုက်ပြီး သိမ်းလက်စစားပွဲကို ဆက်သိမ်းလိုက်သည်။

"ညီလေး ဒီဝိုင်းကိုခနလောက်လာပါဉီး  "

နောက်ဘက်ဝိုင်းက အာလေးလျှာလေးခေါ်သံကြောင့်
ရှောင်းကျန့်သက်ပြင်းချကာ သိမ်းလက်စပန်းကန်တွေကို
ထားခဲ့ပြီး အမြန်ဘဲသွားလိုက်သည်။

"ဟုတ်ကဲ့ ဘာများအလိုရှိပါသလဲဗျ "

"ဒီနေ့ညီလေးတို့ဆိုင်က ဘီယာက နည်းနည်းချဉ်နေတယ်
သောက်လို့မကောင်းဘူး အဲဒါကိုကြီးကိုဘယ်လို
လုပ်ပေးမှာလဲပြော "

လူကိုတမင်ရစ်နေမှန်းသိတာမို့ ရှောင်းကျန့်
လက်သီးခပ်တင်းတင်း ဆုတ်လိုက်သည်။
ရေခဲခန်းထဲမှာ သေချာထည့်ထားတဲ့ ဘီယာက
ချဉ်တယ်ဆိုတာဘယ်လိုမှမဖြစ်နိုင်။ ရေချိန်အတော်
ကိုက်နေပုံရတဲ့ဉီးလေးကြီးက သူ့ကိုတမင်သွေးတိုး
လာစမ်းနေတာပင်။

ဒီနေ့မှ အမလုလုကလည်း ဘီယာဖာတွေ
သွားယူတာမို့ဆိုင်မှာ စားဖိုမှူးဉီးလေးကြီးနှင့်
သူသာရှိသည်မို့ ခက်ချေပြီ။ သူ့တစ်ကိုယ်လုံးကို
တဏှာမျက်လုံးနဲ့ ကြည်နေတဲ့ ထိုဉီးလေးကြီးရဲ့ မျက်လုံးတွေကို ထိုးဖောက်ပစ်ချင်စိတ်ကို
ရှောင်းကျန့် မနည်းထိန်းနေရသည်။

"ကျွန်တော်တို့ဆိုင်ကဘီယာက အအေးခန်းထဲမှာ
သေချာသိုလှောင်ထားတာမလို့ ချဉ်တယ်ဆိုတာ
ဘယ်လိုမှမဖြစ်နိုင်ပါဘူးဗျ ဧည်သည်စိတ်ထင်တာ
ဖြစ်ပါလိမ့်မယ် "

My very bad husband  belong to meWhere stories live. Discover now