Epi(46) Unicode

7.2K 571 20
                                    

အပိုင်း(46)

နက်ပြာရောင် ကားလေးသည် အိမ်ကြီးတစ်အိမ်၏ ဆင်၀င်အောက်၌ ရပ်တန့်သွားသည်နှင့် အလုပ်သမားတချို့ သုတ်သုတ်ပြာပြာထွက်လာကြသည်။

ခီ ကားပေါ်မှ ဆင်းလာလိုက်သည်နှင့် ကြီးမြင့်က သူရှိရာသို့ ခပ်သုတ်သုတ် လျှောက်လာ၏။

"သားဇဏ်…ပြန်လာတာ‌ချက်ချင်း အိမ်ပြန်မလာဘူးကွယ်"

"Surprise ပေါ့ ကြီးမြင့် ၊ အံ့ဩသွားလား "

"အံဩလွန်းလို့ အသက်တောင်ရှိသေးရဲ့လား မသိတော့ပါဘူးကွယ် "

"ဟက်!"

သူ ကြီးမြင့်အပြောကြောင့် တစ်ချက်ရယ်မိပြီး အိမ်ထဲသို့ ၀င်သွားလိုက်သည်။ ဧည့်ခန်းထက်ရှိ ဆိုဖာတွင် မျက်နှာ မသက်မသာနှင့် ထိုင်နေသော အဖွားဖြစ်သူကို တွေ့လိုက်ရတော့…

"ဖွား…နေကောင်းရဲ့လား "

"……"

"‌မြေးကို မလွမ်းဘူးလား ဖွားရဲ့ "

"……"

သူ သဘောရိုးနှင့် မေးနေပါသော်လည်း တစ်ဖက်မှ ဘာမှပြန်မပြောတာကြောင့် သူ့အခန်းရှိရာသို့သာ ဦးတည်လိုက်တော့သည်။

ဘာအမှားမှ လုပ်မထားတာမို့ တောင်းပန်ဖို့ကိုလည်း စိတ်မ၀င်စား။

"ခီတန်ကူးဇဏ်!!"

ခေါ်သံကြောင့် သူလှည့်ကြည့်‌လိုက်တော့…

"မင်း တမင်လုပ်တာမဟုတ်လား ။ ဘယ်ထဲက အခုလို အစီအစဉ်တွေ ချထားတာလဲ ။ ဘာလဲ ငါ့ကို အသက်ရှင်လျက် မမြင်ချင်တော့ဘူးလား ဟမ် ‌!"

"ဘာကို တမင်လုပ်တာလဲ ‌ဖွားရဲ့ ရှင်းရှင်းပြောမှ မြေးက သိမှာပေါ့ "

"မင်း!!"

"ဘယ်ဟာကို ဖွားကပြောချင်တာလဲ...ဒယ်ဒီ့ကို မာမီသေပြီဆိုပြီး လိမ်ခဲ့တာကိုလား ။ မာမီ့ကို ဖွားတပည့်လက်အောက်မှာ တစ်သက်လုံး ဇာတ်မြုပ်ထားမဲ့ ကိစ္စလား ။ ကျွန်တော် ပြင်ဦးလွင်မှာ ဆေးပြန်ကုပြီး ဒယ်ဒီနဲ့ ပြန်တွေ့ပေးလိုက်တဲ့ ကိစ္စလား ။ ညိမ့်ကို ကျွန်တော် မဒေစီခင်နဲ့ စေ့စပ်‌တော့မယ်ဆိုပြီ ဖိတ်စာသွားပို့တဲ့ ကိစ္စလား ။ဘယ်ဟာလဲ ‌ဖွားရဲ့ "

Love Of My Life [Completed]Where stories live. Discover now